1/28/2011

ချောင့်ခက်အနီးက ၂၆ ရက်နေ့ တိုက်ပွဲသတင်း နောက်ဆက်တွဲ

မနေ့က ဒီကေဘီအေ တပ်မဟာ ၅ နဲ့ နအဖတို့ ချောင့်ခက်အနီးနေရာမှာဖြစ်တဲ့ တိုက်ပွဲတွေဟာ ညမိုးချုပ်ချိန်မှ ပစ်တာ ခတ်တာတွေ ရပ်နားခဲ့ပါတယ်။

နအဖဘက်က တပ်ရင်း ၅ ရင်းနဲ့ လာတိုက်တယ်။ နအဖ ဘက်က ၂၆ ယောက် သေးဆုံး၊ ၃၅ ယောက် ဒဏ်ရာ ရတယ်လို့ နောက်ဆုံး သိရပါတယ်။ ဒီကေဘီအေဘက်က ၁ ယောက် ဒဏ်ရာရတယ်။ နအဖ ဘက်က သေဆုံးတဲ့ထဲမှာ ဒုရင်းမှူး တယောက်နဲ့ တပ်စုမှူး တယောက် ပါတယ်။

ခု လူနာတွေကို မြဝတီမြို့က အရပ်သားကားတွေ လိုင်းကားတွေကို ချောဆွဲပြီး သယ်နေတယ်လို့ ဒီကေဘီကေ တပ်မဟာ ၅ မှ ဗိုလ်မှူး ကျော်သက် က ပြောပြပါတယ်။

မနေ့က တိုက်ပွဲမှာ နအဖ ဘက်က တပ်တချို့ ဒီကေဘီအေကို တိုက်ခိုက်ဖို့ ထိုင်းနယ်မြေကို အသုံးပြုခဲ့တယ်လို့ ဗိုလ်မှူး ကျော်သက် က ဆက်လက်ပြောပြပါတယ်။

တိုက်ပွဲမှာ ပါဝင်တဲ့ နအဖ တပ်တွေကတော့ စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၆၊ ၅၄၈၊ ၅၄၉ နဲ့ စကခ ၉ က ၃၅၆ နဲ့ ၃၅၇ စတဲ့ တပ်တွေပဲ ဖြစ်ပါတယ်။


source by :http://www.naytthit.net

0 ယောက်ရဲ့ထင်မြင်ချက်: