12/24/2010

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၂)

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၂)

ဒေါ်အောင်ဆန်းစုကြည်။ ။ ဖြူဖြူသင်းတို့ ကိစ္စတုန်းကလဲ အန်တီတို့ ဒီလိုပဲ လုပ်ခဲ့ပါတယ်။ တသီး ပုဂ္ဂလ အရွေးခံ ခဲ့တဲ့ သူတွေက နေပြီးတော့ ၀ိုင်းပြီးတော့ ပံ့ပိုး ပေးတယ်ပေါ့။ အဲဒီတော့ ဒီအခက်အခဲလေးကို အန်တီတို့ ကျော်လွှား နိုင်ခဲ့တယ်။ အခု ဂီရိကို သွားကြတဲ့ အခါကျတော့ တယောက်နဲ့ တယောက်လည်း ပိုသွားမယ်။ အန်တီတို့က NLD ထဲကိုဝင်ဖို့ ဆွယ်နေတာ မဟုတ်ဘူး။

မ၀င်တာတောင်မှ ပိုကြိုက် သေးတယ်။ မ၀င်တာကို ဘာဖြစ်လို့ ပိုကြိုက်သလဲ ဆိုတော့ “ပါတီ နာမည်တွေကို အလွဲ သုံးစား လုပ်တာတော့ မဟုတ်ဘူး နော် ”(ဦးနေမျိုးဝေတို့၏ ပါတီ အမည်မှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဖြစ်ပါသည်) မတူကွဲပြား တဲ့အမြင် တွေပေါ်မှာ ညီညွတ်မှု ယူနိုင်တယ် ဆိုတာ ပြချင်လို့။ NLD ကတော့ NLD ပေါ့။ NLD မဟုတ်လည်း လက်တွဲလုပ်လို့ရတယ်။ တကယ် ကိုယ့်ရဲ့ ရည်ရွယ်ချက်ချင်း တူလို့ရှိရင် ထိထိ ရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်တယ် ဆိုတာကို ပြနိုင်လို့ရှိရင် အန်တီတို့ ဒီမိုကရေစီ အတွက် ပိုကောင်းတယ်။ နိုင်ငံ အတွက်လည်း ပိုကောင်းတယ်။ အဲသလိုပဲ ယုံကြည်တယ်။

အန်တီတို့က လူငယ်တွေကို ဖိတ်ဖို့ ပြောထားတယ်။ တွေ့ဆုံ ဆွေးနွေးပွဲပေါ့။ NLD လူငယ်တွေနဲ့ NLD ပြင်ပ လူငယ်တွေ တွေ့ဆုံ ဆွေးနွေး ပွဲပေါ့။ လက်လှမ်း မီရာ ဖိတ်မှာပေါ့။ သားတို့ လာချင်လို့ ရှိရင် ပြောလိုက် ရုံပဲ။ အန်တီတို့ ဖိတ်ပါတယ်။ အန်တီတို့ ကလဲ မသိဘူးလေ။ အားလုံးကို လက်လှမ်းမီဖို့ ဆိုတာ ကိုယ်လက် လှမ်းမီ သလောက်ပဲ ဖိတ်လို့ ရတာကိုး။ တမင် ထားခဲ့ချင်တဲ့ စိတ်နဲ့ ထားခဲ့မှာတော့ မဟုတ်ပါဘူး။ မသိလို့တော့ ကျန်ရင် ကျန်သွားမယ်မှာပါ။

မေး။ ။ ကျွန်တော်တို့ တကယ်ကို ဂျာနယ်က နေပြီးတော့ အန်တီနဲ့ အင်တာဗျူး ထားတာကို ဖော်ပြခွင့် ရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ကြိုးစားပြီး စုစည်း ဖော်ပြ ပေးပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပိတ်လိုက်ရင် ဘယ်လို လုပ်မလဲ။ (ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ်သတင်း ထောက်များ၏ ရယ်သံများ တပြိုင်နက်တည်း ထွက်ပေါ် လာသည်)

ဂျာနယ် တစ်စောင်၏ တွေ့ဆုံ မေးမြန်းခန်း ပြီးပါပြီ။

(Facebook တွင် မြန်မာ သတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)

source by : ဧရာဝတီ ဘလော့ဂ်

0 ယောက်ရဲ့ထင်မြင်ချက်: