“ မျှော်လင့်ခိုးထဲက ၂၀၁၁”
(နိုဝင်ဘာ ၁၃ ရက်၊ မြန်မာနိုင်ငံအတွက်)
တချက်မင်္ဂလာရှိသွားခဲ့ရတယ်။
တနှစ်လုံးကတော့
တိမ်ဖုံးပါလို့ လ မသာ
ရင်ဆာငတ်မွန်း မှောင်လွန်းသောညတို့ချည်းသာ
ကြက်ပန်းသွားသော ယာတောများ လမ်းမများပေါ်
မွန်ခ့်ျရဲ့အော်သံပန်းချီကားတို့ပုံထပ်
မိုးခါးမုန်တိုင်းလိုက်လို့ တိုက်ပြန်ရဲ့
(မျက်လှည့်ဆရာကတော့)
ပဲ့စင်ယိုင်ယိုင်ကြီးကို တွယ်ကုတ်
အစွန်ထုတ်ထားတဲ့ နိုင်ဖဲလိမ်တချပ်ကိုချခင်း
အပင်းသွင်းဖို့ ကြိုးစားနေစဉ်…
ကိုရီးယားပင်နင်ဆူလာ ဂါဇာ ဆူဒန်
ပါကစ္စတန် အာဖဂန် အီရက်
ဒေါသအမျက် အမုန်း အာဃာတ နဲ့ စစ်မက်မီး
မပြီးဆုံးနိုင်ဖြစ်နေဆဲ….
ကမ္ဘာကြီးကတစစ ပူနွေးလာ
ရာသီဥတုက ဖောက်ပြန်ဆိုးဝါးလာ
ဆီးနှင်းမုန်တိုင်းပြင်းထန် ရေလျှံ
သဘာဝ ဘေးအန္တရယ်တို့များပြားလာ
………………………………………….
မင်္ဂလာတရားတို့ ရှားပါးလာနေဆဲ…
ကဲ ဘာပဲဖြစ်ဖြစ်
‘နှစ်’ကိုအပြစ်တင်ရန်မဟုတ်
လုပ်ဆောင်သူ လူသားစင်စစ်တို့ သည်သာ
သမ္မာဓိဋ္ဌိ အစ သမာအာဇီဝ အလယ်
သမ္မာ သမာဓိ အဆုံး
အကောင်းဆုံးလိုက်နာကျင့်ကြံ
(၂၀၁၁ နှစ်သစ်စာမျက်နှာအလှန်မှာ)
ကမ္ဘာကြီးရဲ့ရစ်သမ်ကို မှန်ကန်လှပစေကြဖို့သာ။ ။
စိုးနေလင်း
source by : http://www.naytthit.net
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment