တိုက်ပွဲသတင်းနှင့် နအဖတို့ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်း
တပ်မဟာ(၄) မြိတ်၊ထားဝယ်ခရိုင်
16-12-2010့ နေ့ ၁၀း၁၈ အချိန်တွင် KNU တပ်ရင်း(၇)အဖွဲ့သည် နော်စေးဟဲကားလမ်းမ၌ ရန်သူနဲ့ ပက်ပင်း ရင်ဆိုင်တိုးခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄င်းတိုက်ပွဲအတွင်း ရန်သူဘက်မှ အကျအဆုံးနှင့်ထိခိုက် ဒဏ်ရာရရှိမှုကိုမသိရှိရပဲ KNU ဘက်မှလည်း တစ်စုံတစ်ရာထိခိုက်မှုမရှိပါ။
19-12-2010၊ နေ့တွင် KNUတပ်မဟာမှ သင်တန်းအဖွဲ့နှင့် ပြောက်ကျားစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆယ်ဝါးလဲတွင် ၁နာရီခွဲကြာ ထပ်မံတိုက်ပွဲဖြစ်ပွားရာ ရန်သူနအဖဘက်မှ တပ်ကြပ်ကြီး၎ယောက် သေဆုံးပြီး ဒဏ်ရာအပြင်းအထန် ၈ ယောက်နှင့် ၆ယောက်အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ KNU ဘက်မှထိခိုက်မှုမရှိပါ။
တပ်မဟာ(၆) ဒူးပလာယာခရိုင်
18-12-2010 နေ့ ၌ ပြည်သူလှဦးဆောင်သော ရန်သူခမရ ၅၄၈အဖွဲ့နှင့် မြအောင်ဦးစီးသော ခလရ ၅၈၄အဖွဲ့အပြင် BGF ၁၀၁၆မှ မိုးဒီအဖွဲ့တို့ပူးပေါင်းသော စုပေါင်းအင်အား၁၃၀အဖွဲ့သည် မဲပလယ် ရွာသို့ တက်လာပြီး လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ပစ္စည်းများ ထမ်းပို့ရန် ရွာသား ၆ ယောက်ကို အတင်းအဓမ္မဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသော ရွာသားများမှာ-
၁။ စောဒီးကလယ်(၂၇)နှစ်၊
၂။ စောပိုး(၁၃နှစ်)
၃။ မောင်ကာမြိုင်(၄၅နှစ်)
၎။ လာချယ်လိုး(၃၆)နှစ်၊
၅။ မောင်စံထွေး(၄၂)နှစ်၊
၆။ ဖါးခိသာ(၃၂)နှစ် တို့ ဖြစ်သည်။
အတင်းဖမ်းဆီးထားသူ ( ၆ )ယောက် အနက် ၄ ယောက်ကိုသာ ပြန်လွှတ်ပေးပြီး မောင်စံထွေး နှင့် ဖါ့ခိသာ နှစ်ယောက်ကို ပြန်မလွှတ်သေး ကြောင်း သိရှိရပါသည်။
ထိုနေ့မှာပင် ရန်သူ နအဖ တပ်ဖွဲ့သည် ရွာသူ/သားတို့၏ ကြက်များကို မရမက တောင်းစားခဲ့သည်။
ကြက်ပိုင်ရှင်များမှာ-
၁။ ကျော်ညွန့်ဖိုး(၄၆နှစ်) ကြက်တစ်ကောင်
၂။ နော်ပေါ်တာ (၄၅နှစ်)ကြက်တစ်ကောင်
၃။မောင်တင် (၄၇)နှစ် ကြက်၂ ကောင်
၎။ နော်ပဲပဲ (၄၅)နှစ် ကြက်တစ်ကောင်
၅။ ကြူကေဖေါ (၃၇)နှစ် ကြက် တစ်ကောင်
၆။ နော်ဒါး (၂၁)နှစ် ကြက် တစ်ကောင် တို့ဖြစ်သည်။
20-12-2010၊ ပြည်သူလှဦးဆောင်သည့် အင်အား(၄၀)ခန့်ရှိသော ရန်သူခမရ ၅၄၈အဖွဲ့သည် ခူးဒို့မှပြန်လာသော ကော့ကရိတ် လှိုင်ဝရွာနေ၊ ကွမ်းသီးကုန်သည် လေးစော (၄၇)နှစ် ကို ဖမ်းဆီးပြီး အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။
ကော့ကရိတ်မြို့နယ်ရှိ နို့ရွှေမူရွာတွင် လှုပ်ရှားနေသော ရန်သူလှကြည် ဦးစီးသော ခမရ ၅၄၉ တပ်ဖွဲ့နှင့် BGF 1016 အဖွဲ့တို့ ပူးပေါင်းသောအင်အား၅၀ရှိ အဖွဲ့သည် 16-12-2010၊ ခုဒုံးရွာနှင့် ချိုးပလာ့ ရွာသို့ သွားရောက်လှုပ်ရှားပြီး ၄င်းတို့နေရာတွင် ရန်သူမိုးမင်းဦးစီးသော အင်အား(၄၀)ကျော် ခမရ ၅၄၅အဖွဲ့က ကော့ကရိတ်ကနေ၊ နို့ရွှေမူ ရွာတွင်17-12-2010 နေ့၌ အစားထိုးရောက်ရှိလာပါသည်။
ဖိုးဒေးမူရွာတွင် လှုပ်ရှားနေသော ခမရ ၄၀၇၊ စစ်ကြောင်း ၂ ခေါင်းဆောင် ရန်မင်းထိုက်သည် ရွာသား တွေကို နည်းမျိုးစုံညှဉ်းပမ်းနှိပ်စက်ကြောင်း သတင်းရရှိပါသည်။
၁၇-၁၂-၂၀၁၀ နေ့တွင် ရွာ၏တောင် နောက်ဘက်ခြမ်းရှိ ရွာသားစောဟီခု (၃၈နှစ်)ကို လက်လုပ်ယမ်းထောင်းတူမီး(၂)လက်၊ သိမ်းဆည်း ခဲ့ရုံသာမက ထိုးကြိတ် နှိပ်စက်ခဲ့ကြောင်း သိရှိရပါသည်။
19-12-2010 နေ့တွင် စတီဗင်ဦးဆောင်သော BGF ငြိမ်းချမ်းရေးအဖွဲ့မှ နှစ်သစ်ကူးလုပ်ရန် ရွာသားများကို တစ်ရွာလျှင် သုံးသောင်းကျပ်ဖြင့် အတင်းအဓမ္မ ငွေကောက်ခံခဲ့ပြီး ၄င်းငွေကို 19-12-2010 နေ့ အရောက်ပို့ဆောင်ရမည်ဖြစ်သည်။
ငွေတောင်းခံ ခံရသောရွာများမှာ-
၁။ကြီးခလယ့္ရြာ ၂။ထောဝါ့လော် ၃။ ဖိုးဆီ့မူးရွာ ၄။ မဲ့တလယ့် ၅။ ကျော်ခီး ၆။ ထိမယ်ဘော ၇။ မဲကဒိ ၈။ ဖါးကလောခီး တို့ဖြစ်သည်။
17-12-2010၊ရက်နေ့ ၈း၄၀ အချိန်တွင် ကျွန်ုပ်တို့KNU တပ်ရင်း၁၆သည် လေးနော့စစ်စခန်းမှ ရန်သူနအဖ ခမရ၄၀၅ စစ်ကြောင်း၂ ကို ပြောက်ကျား စစ်ဆင်နွဲရာ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာ ရရှိခဲ့သည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။
၎င်းတိုက်ပွဲတွင် ရန်သူသည် အမြောက်ကြီး အလုံးပေါင်းများစွာပစ်ခတ်ခဲ့ရာ ရွာသားတစ်ယောက် ကျည်စ ထိမှန်ခဲ့ပြီး ၀က်နှစ်ကောင်ကိုလည်း ကျည်ဆံ ထိမှန်သေဆုံးခဲ့သည်။
တပ်မဟာ၂ တောင်ငူခရိုင်
17-12-2010ရက်နေ့၊ မနက်၉နာရီအချိန်တွင် KNU ပြောက်ကျားတပ်ဖွဲ့သည် ခလဲ့ပတီနှင့် သဘားဖါ့အကြားမှာရှိသောရန်သူကို ချေမှုန်းတိုက်ခိုက်ရာတွင် ရန်သူ၂ ယောက်ဒဏ်ရာရရှိပြီး ထပ်မံ၍
18-12-2010၊ ညနေ ၃နာရီအချိန်တွင် သကွီးကျိုးကားလမ်းမကြီး ပြောက်ကျားတိုက်ပွဲတွင် ရန်သူဘက်မှ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်။
18-12-2010၊ ညနေ ၃နာရီအချိန်တွင် သကွီးကျိုးကားလမ်းမကြီး ပြောက်ကျားတိုက်ပွဲတွင် ရန်သူဘက်မှ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်။
19-12-2010၊ ညနေ၇း၂၀ အချိန်တွင် နော့ဖိုး နီးဒေးရှိ ရန်သူကိုပြောက်ကျားစစ် ဆင်နွဲပြန်ရာ ရန်သူ ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။
20-12-2010၊ KNU သည် သံတောင်နယ်မြေ(၃)ရှိ ရန်သူကို သွားရောက်တိုက်ခိုက်ရာမှာ ရန်သူ ၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး ထိုနေ့မှာပင် နံနက်၁၁း၃၀အချိန်၊ သခွီးကျိုးတွင် ရန်သူနှင့် ရင်ဆိုင်ကြုံတွေ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ၁ ယောက် သေဆုံးသော်လည်း KNU မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း သတင်းရရှိပါသည်။
source by : http://www.ninedeblood.blogspot.com
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment