12/01/2010

အမျိုးသားအောင်ပွဲနေ့ အခမ်းအနား

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အကြိမ် ၉ဝမြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဒီဇင်ဘာလ ၁ရက်နေ့က ကျင်းပနေစဉ်။

အခမ်းအနားအမှုး အဖြစ် ဦးအုန်းကြိုင်က ဆောင်ရွက်ပြီး သဘာပတိအဖြစ် အန်အယ်ဒီဥက္ကဌ ဦးတင်ဦးက ဆောင်ရွက်ကာ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားနေ့ အမှာစကားကို ပြောကြားသည်။ ထို့နောက် အမျိုးသားနေ့ စာပေဟောပြောပွဲ အဖြစ် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)က ဟောပြောခဲ့ပြီး အခမ်းအနားသို့ ရဟန်းရှင်နှင့်လူ စုစုပေါင်း ၃ဝဝခန့် တက်ရောက် ခဲ့သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒီ - ဒီလောက်နဲ့တော့
မို - မိုကဖြင့်
က - လိုက်ချင်သေး
ရေ - မပေးလဲ ထမင်းမကြွေးလဲ ချုပ်နှောင်ထားလဲ
စီ - စီရီရီ ပန်းတွေ ပန်ဦးမည်တဲ့
ခေါင်း - ခေါင်းထိတတ်
ဆောင် - သယ်ရွက်က
ဒေါ် - လေးသည်လဲ
အောင် - မြင်မှာပါ
ဆန်း - ပြားထွေလာ သူ့ မာယာကို
စု - စည်းတင်ပြ ကမ္ဘာကျအောင်
ကြည် - ကြည်လင်လင် အစီရင်ခံမည်
ဒီမိုကရေစီ အောင်ရမည်။

0 ယောက်ရဲ့ထင်မြင်ချက်: