အိန္ဒိယ လူမှုအဖွဲ့အစည်းက ဒေါ်စုကို ဒီမိုကရေစီ ဧကရီဆု ချီးမြှင့်
အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကျောထောက်နောက်ခံပေးဖို့ အိန္ဒိယနိုင်ငံတွင်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားတဲ့ လူမှုအဖွဲ့အစည်း တခုက ဒီကနေ့ တောင်းဆိုပါတယ်။ ဒီအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ အိန္ဒိယ အမျိုးသား တီဂျီ ဆင်းက အခုလို ပြောပါတယ်။
“ကျနော်တို့အဖွဲ့ကနေပြီးတော့ အိန္ဒိယ အစိုးရကို စစ်အစိုးရနဲ့ ဆက်ဆံမှုကို ချက်ချင်း ရပ်ဆိုင်းပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ အကြီးအကဲ တဦးလိုပဲ အသိအမှတ်ပြုပြီး သူ့ဘက်ကနေ ရပ်တည်ပါ၊ သူ့အပေါ်မှာ နောက်ထပ် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အချုပ်အချယ် ပြုခြင်းကနေ အမြဲတမ်း ဆန့်ကျင်ပါ၊ အဲဒီလို မလုပ်ဘူးဆိုရင် အစိုးရကို ဖြုတ်ချတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျနော်တို့ ကြေညာလိုက်ပါတယ်။”
အိန္ဒိယနိုင်ငံ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လူမှုရေး အဖွဲ့က နေပြီးတော့ ဒီကနေ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယပြည်သူတွေ ကိုယ်စား Queen of Myanmar Democracy And
“ဆုရွေးချယ်ရေး အဖွဲ့ထဲက အတွင်းရေးမှူး မစ္စတာ တီဂျီဆင်းက ဟိန္ဒူလိုရော၊ ဗမာလိုရော ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ Queen၊ Queen ဆိုတော့ သူက ဗမာစကားလည်း တတ်တယ်ဆိုတော့ ဧကရီဆိုတဲ့ အဓိပ္ပာယ်ကို သုံးပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ ဧကရီဘွဲ့ ပေးတယ်။ နောက်တခါ ဒီအဖွဲ့အစည်းကပေးတဲ့ ဆုရဲ့ ထုံးစံကတော့ ဗမာလိုပြောရင် သန်လျက်လို့ ခေါ်တယ်၊ သန်လျက်ကို ပေးပါတယ်။
“သို့သော်လည်း အသုံးအနှုန်းကတော့ Queen လို့ပဲ သုံးပြီးတော့ ဆုကတော့ ဆုလက်မှတ်နဲ့ သန်လျက်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ Queen ကို၊ အုပ်ချုပ်တဲ့ လူတယောက်ကို မင်းမြှောက်တန်ဆာထဲမှာ ပါတဲ့ အရာတခုကို ပေးတဲ့သဘော၊ Symbolic ပေါ့၊ ဒီသဘော သက်ရောက်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး စွန့်လွှတ် အနစ်နာခံ ကြိုးပမ်းမှုတွေကို အိန္ဒိယ ပြည်သူလူထုက ဆက်ပြီး ထောက်ခံအားပေးတဲ့ အနေနဲ့ ဒီဆုကို ရွေးချယ်ပေးအပ်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က အတွင်းရေးမှူး တီဂျီ ဆင်း ရှင်းပြတာကတော့…
“ဖခင်လိုပဲ သစ္စာရှိရှိ တိုက်ပွဲဝင်ရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အဖွဲ့က ဆုပေးသင့်တယ်လို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်က ပထမ ဆုံးဖြတ်ချက်ပါ။ ဒုတိယ ဆုံးဖြတ်ချက်ကတော့ ၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီက အနိုင်ရထားတယ်။ စစ်အစိုးရက ကလိန်ကျပြီးတော့ အစိုးရဖွဲ့ခွင့် မပေးခဲ့ဘူး။
“အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ လိုသလို ဆွဲပြီးတော့ တိုင်းပြည်ကိုရော၊ ကမ္ဘာကိုရော လိမ်ညာနေတယ်လို့ ကျနော်တို့က မြင်တဲ့အတွက် အဲဒီတိုက်ပွဲကို ဆက် ဦးဆောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို Queen of Myanmar Democracy and
အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် မားမားမတ်မတ် ရပ်တည်ပြီး မဟတ္တမ ဂန္ဒီနဲ့ အိန္ဒိယရဲ့ ပထမဆုံး ၀န်ကြီးချုပ် နေရူး တို့ရဲ့ အစဉ်အလာကို ထိန်းသိမ်းပါလို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။
source by : http://www.voanews.com
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment