လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ...
- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။
- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။
- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။
- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။
- မတွေ့ရတာလည်း ကြာပြီ၊ ပြောစရာတွေလည်း အများကြီးပဲ။
အဲဒါတွေ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို လာခဲ့ကြပါတဲ့။
- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။
- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။
source by : http://www.irrawaddyblog.com
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment