11/23/2010

ဒေါ်အောင်ဆန်းစုကြည် သား ဖြစ်သူ နှင့် ပြန်လည် ဆုံတွေ့

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။



အောင်မြင် | မြန်မာ့ ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ကျ ခံနေရက လွတ်ရက် စေ့ပြီး ၁၀ရက် အကြာမှာတော့ သားဖြစ်သူ ကိုထိန်လင်းနှင့် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ယနေ့ မနက် ၈နာရီ၊ ၄၅မိနစ်မှာ သားငယ် ဖြစ်သူကို ရန်ကုန် လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့တာကို မြင်တွေ့ခဲ့ ရကြောင်း အေအက်ပီ သတင်းထောက်က ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

အခုလို မိသားစု ပြန်ပြီးတွေ့ရတာ ကျမ တော်တော်ကို ၀မ်းသာ ရပါတယ်လို့ AFP သတင်းထောက်ကို ဒေါ်အောင်ဆန်းကြည်က ပြောဆို ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းဟာ ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက် သံရုံး ကနေ ပြည်ဝင်ခွင့် ဗီဇာရလို့ ရန်ကုန်မြို့ကို ဒီနေ့ မနက် အစောပိုင်းမှာ ထိုင်း လေကြောင်း လိုင်းနဲ့ ရောက်ရှိ လာတာ ဖြစ်ပါတယ်။

ကိုထိန်လင်း သည် ယနေ့ မနက် ပိုင်းတွင် မိခင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ နေပြီ ဖြစ်သည် ဟု NLD လူငယ် အဖွဲ့ဝင် တစ်ဦးက Freedom News Group သို့ ပြောသည်။ ကိုထိန်လင်းသည် မြန်မာ နိုင်ငံတွင် သီတင်း နှစ်ပတ်ကြာ နေထိုင် မည် ဟု သတင်း ရရှိသည်။

သတင်း source by : Freedom News Group

ဓါတ်ပုံ

0 ယောက်ရဲ့ထင်မြင်ချက်: