inter-pyet and ICT exhibitin 2010
ရန်ကုန်က အင်တာနက် သုံးသူတွေ ရေရေလည်လည် ဆဲနေကြပြီ။
အင်တာနက် နှေးလို့ မဟုတ်ဘူး။
အင်တာနက် ရပ်နေလို့။
တချို့က အင်တာပျက် လို့တောင် အမည် ပေးထားတယ်။
ဒီလိုအခြေအနေမှာ ဟောဒီသတင်း ဒီနေ့ သတင်းစာမှာ ပါလာတာပဲ။

အင်တာနက် သုံးတဲ့သူ တော်တော်များများက ဖုန်းဆက်ပြီး ပြောကြ ဆိုကြ ဆူကြတဲ့အခါ ဆာဗာအတိုက်ခံရတယ်၊ ပြည်ပက တိုက်တယ် ဒါကြောင့် အင်တာနက် ပျက်ရတယ် ဆိုတဲ့ အဖြေကို ရကြပါသတဲ့။
ဒီကနေ့ပဲ အင်တာပျက်သတင်းကို Eleven Media Group ၀က်ဆိုက်မှာ ရေးထား တင်ထားတာ ဖတ်လိုက်ရပါတယ်။ သတင်းမှာ ပါတဲ့ အသံ တခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ အသံပါ။
သူပြောတာက - "Cyber Attack ဖြစ်လို့ပါလို့ ခဏခဏအကြောင်းပြချက် မပေးပါနဲ့။ IT နားလည်တဲ့ Common Sense အသိဥာဏ်ရှိတဲ့သူတိုင်း သိပါတယ်။ မဖြစ်နိုင်ပါဘူး။ အင်တာနက်ကို Monopoly လုပ်ပြီး Freedom of Press ကို ထိပါးတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်ကို ထိပါးရာ ရောက်ပါတယ်" တဲ့။
source by : http://www.irrawaddyblog.com
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment