မြောက်ဥက္ကလာပ မှ ကိုခင်မောင်ဦး ရဲ့ တစ်ကိုယ်တော် လှုပ်ရှားမှု
ရုပ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။![]() | ![]() | ![]() |
ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်၊ (စ) ရပ်ကွက် မြို့နယ် NLD ပါတီရုံး အနီး တစ်ဝိုက်တွင် အောက်တိုဘာလ (၂၁) ရက်နေ့က ကိုခင်မောင်ဦး (မြောက်ဥက္ကလာ) မှ တစ်ကိုယ်တော် လှုပ်ရှားမှု အနေဖြင့် ပြည်သူ များအား နအဖ ရွေးကောက်ပွဲ ဥပဒေ အကြောင်း သိသာစေရန် လက်ကမ်း စာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။
ကိုခင်မောင်ဦး ဖြန့်ဝေသည့် အဆိုပါ နအဖေ ရွးကောက်ပွဲ ဥပဒေ အကြောင်း သိသာ စေရန် အတွက် လက်ကမ်း စာစောင်များတွင် နအဖ တို့၏ ရွေးကောက်ပွဲ ဥပဒေပါ အချက်အလက် များကို ဖေါ်ပြထားပြီး ပြည်သူများ အနေဖြင့် မဲဆန္ဒ မပေးဘဲ နေနိုင်သော အခွင့်အရေးလည်း ပါဝင်ကြောင်း မီးမောင်းထိုး အသိပေး ထားခြင်း ဖြစ်သည်။ပါတီ လူငယ်များ၊ ကျောင်းသား လူငယ်များ၊ ဒီမိုကရေစီ အင်အားစုများနှင့် သံဃာများမှ ဖြန့်ဝေ အသိပေး နေသော လူထု အသိပေး လက်ကမ်း စာစောင်များ ဖြစ်ပြီး လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်မှာ -
- NLD ပါတီ တည်ရှိနေသေးကြောင်း လူထုမှ ပိုမိုသိရှိနေစေရန်နှင့်
- နအဖရွေးကောက်ပွဲဥပဒေများကို လူထုမှ သိရှိနားလည်၍ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ် နိုင်စေရန် ဖြစ်သည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment