ယနေ့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှု.. (သတင်း၊ ဓာတ်ပုံ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် (၂၀)မှ ယနေ့နံနက်ပိုင်းက တာမွေမြို့နယ် လူစည်ကားရာ နေရာများနှင့် တာမွေဈေးအတွင်း၊ ရပ်ကွက်များရှိ မဲဆန္ဒရှင် ပြည်သူများအား လူတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်များ ဝေငှခဲ့ကြကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။
ဒီနေ့ ကျွန်တော်တို့ တာမွေမြို့နယ်မှာ စာရွက်တွေ ဝေပါတယ်။ ဒီနေ့တော့ တစ်ခြားမြို့နယ်တွေထက် ဆိုးတာက ဒီလို စာရွက်ဝေတာကို ရယကရုံးမှာ သွားပြီးပြောပါလို့ ပြောပါတယ်..။ ကျွန်တော်တို့က ဒါဥပဒေမှာ ပါတဲ့အတိုင်း တရားဝင် လုပ်တာ ဘာမှ ပြောစရာမလိုဘူးဆိုပြီး ဆက်ဝေခဲ့ပါတယ်..။ သူတို့ အစပိုင်းပြောတဲ့ အချိန်မှာ ဆက်ဝေပါတယ်။ နောက်ပိုင်း ထပ်လာပြောတဲ့ အချိန်မှာတော့ ကျွန်တော်တို့က အားလုံးစာရွက်တွေ ဝေပြီးလို့ လူစုခွဲဖို့ပဲ ကျန်တဲ့အချိန်မှာမှ သုံးပွင့်နဲ့ ပုဂ္ဂိုလ်က ခင်ဗျားတို့ အုပ်စုခွဲပေးပါ လူငါးယောက်ထက် ကျော်ရင် ခင်ဗျားတို့ ဥပဒေအရ အရေးယူခံရမယ် ဆိုပြီးလာပြောပါတယ်..။
ကျွန်တော်တို့ သွားရောက်ဝေငှခဲ့တဲ့ နေရာတွေကတော့ တာမွေမြို့နယ်ဈေး .. ရပ်ကွက်တွေထဲပါဝေပါတယ်.။ NDF (အမျိုးသားဒီမိုကရေစီအင်အားစု) ရုံးရှေ့တောင် ရောက်ခဲ့ပြီး သူတို့ရုံးရှေ့မှာ.. ခမောက်အစစ်က ရွေးကောက်ပွဲ မဝင်ဘူး ခမောက်အတုသာ ရွေးကောက်ပွဲ ဝင်တာလို့ အော်ခဲ့ပါသေးတယ်.. နောက်ရက်တွေမှာလည်း တစ်ခြားမြို့နယ်တွေမှာ ဆက်လက် လုပ်ဆောင်သွားပါဦးမယ်ဟု အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို.. အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ကိုယ်ပွားပါတီ မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်.။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း
နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း
အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း
NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။
သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း
အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း
NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။
သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment