10/09/2010

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေကို စတင်ဖြတ်ကျော် နေပြီ

(၈-၁၀-၂၀၁၀)ရက် နံနက်(၁၀း၁၀) နာရီအချိန် ထုတ်ပြန်ချက်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

(၇-၁၀-၂၀၁၀)ရက်နေ့ ကတည်းကဖြစ်ပေါ်နေခဲ့တဲ့ မုန်တိုင်းငယ်ဟာ လွန်ခဲ့တဲ့ညက သိသိသာသာ အားကောင်း လာခဲခြင်းမရှိခဲ့ဘဲ ကြီးမားတဲ့ တိမ်တိုက်ကြီးတစ်ခုအနေနဲ့ အရှေ့မြောက်ဖက်ကို လျင်မြန်စွာဦးတည် ရွေ့လျားလာခဲ့ ပါတယ်။ (၈-၁၀-၂၀၁၀)ရက်ဒီကနေ့ မနက်မှာတော့ ဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စတင်ဖြတ်ကျော် နေပြီဖြစ်ပါတယ်။

မုန်တိုင်းကြောင့်ဖြစ်နေတဲ့ တိမ်အစုကြီးဟာ အရှေ့မြောက်ဖက်ကို ရွေ့နေပြီး နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်သန်းသွား လိမ့်မယ်လို့ MCCW ကခန့်မှန်းပါတယ်။ ဒီလိုဖြတ်သန်းတဲ့အချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပါတယ်။ ဒေသအလိုက် မိုးကြီးမှုလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အထူးသတိပြုကြရမှာကတော့ ကုန်းမြင့်ဒေသတွေမှာ မြေပြိုကျမှုတွေနဲ့ တောင်ကြားဒေသတွေမှာ ရုတ်တရက် ရေကြီးမှုတွေဘဲဖြစ်ပါတယ်။ မုန်တိုင်းကျရောက်တာလောက် မကျယ်ပြန့်ပေမယ့် အတိုင်းအတာတစ်ခုအထိ အသေအပျောက် အပျက်အစီးရှိနိုင်လို့ သတိထားစေလိုပါတယ်။ ရွာသွန်းတဲ့ မိုးတွေဟာ ချင်းတွင်းနဲ့မြစ်သာမြစ်တို့ရဲ့ရေဝေရေလဲဒေသတွေမှာ မိုးများနိုင်တာကြောင့် ချင်းတွင်းမြစ်ရေတွေ မြန်မြန်ဆန်ဆန် တက်လာနိုင်တာကိုလည်း သတိပြုစေလိုပါတယ်။ ရခိုင်ကမ်းရိုးတန်းဒေသနဲ့ ကမ်းလွန် ပင်လယ်ပြင် အတွက်ကတော့ လက်ရှိမုန်တိုင်းရဲ့ အင်အားဟာ မုန်တိုင်း ဒီရေကြီးကြီးမာမားမား တက်လောက်တဲ့ အင်အားမရှိလို့ မုန်တိုင်းဒီရေအန္တရာယ် ကတော့နည်းပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ မိုးတိမ်တောင်ကြိးတွေ ပါလာတာကြောင့် လေပြင်း တိုက်ခတ်တာတွေ၊ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း ကျရောက်တတ်တာတွေ၊ လှို်င်းကြီးတတ်တာတွေတော့ ကြုံတွေ့ ရနိုင်ပါတယ်။ မိုးရယ်၊လေရယ်၊လှိုင်းရယ်ကတော့တွေ့မှာ အသေအချာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်းနဲ့ကမ်းလွန် ပင်လယ်ပြင်သွား ငါးဖမ်းရေယာဉ်တွေ၊ ခရီးသွားရေယာဉ်တွေအနေနဲ့ အထူးဂရုပြု သွားလာကြဖို့ MCCW မှ အကြံပြုပါတယ်။

MCCW အနေနဲ့ အခုအောက်တိုဘာလထဲမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း(၂)ကြိမ်ခန့် အထိဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းဟာ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယ မြောက်မုန်တိုင်းဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀)ရက် ညပိုင်းက တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်နေခဲ့တဲ့ မုန်တိုင်းငယ် 14W ဟာ လွန်ခဲ့တဲ့ခြောက်နာရီ အတွင်းက မြောက်ဖက်သို့ မျောပါရွေ့လျားလာခဲ့ 18.2°N, 108.6°E ကိုရောက်လာပြီး၊ ဟိုင်နန်ကျွန်း ရဲ့အနောက် ဖက် ရေမိုင်(၂)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဒီအပူပိုင်း မုန်တိုင်းဟာ အရှေ့ဖက်ဆီ ကို 2 knots နှုန်းနဲ့ တဖြည်းဖြည်း ဆက်လက်ရွေ့သွားမယ်လို့ USA,JTWC က ခန့်မှန်းထားပါတယ်။ မုန်တိုင်းအခြေအနေတွေကို MCCW က အချိန်နဲ့ တပြေးညီ ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်၌ စာရင်းအင်း လေ့လာမှုအရလည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များ လေ့လာမှုအဖြေအရလည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများရှိနေသဖြင့် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။


(Updated on 08:10.2010 at 10:30 MST)

source by : http://www.tunlwin.com

0 ယောက်ရဲ့ထင်မြင်ချက်: