10/28/2010

နိုင်ငံသားတိုင်း ဥပဒေအရ မဲမပေးပဲ နေနိုင်သည်။ (ပြည်တွင်း လှုပ်ရှားမှု)

လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ရဲဘော်များ သည် ကြည့်မြင်တိုင် မြို့နယ် သီရိ မင်္ဂလာဈေး အတွင်း နိုင်ငံသားတိုင်း ဥပဒေ အရ မဲမပေးပဲ နေနိုင်သည့် ဆိုသည့် စာသားပါ စာရွက်များအား လူထု တရပ်လုံး သိရှိ နားလည် စေရန် အတွက် ၂၈ ရက်နေ့ မနက်ပိုင်းတွင် ကပ်ခြင်း၊ ဖြန့်ခြင်းများ ပြုလုပ် လှုပ်ရှား ခဲ့ကြပါသည်။

မူရင်း ဖြန့်ဝေသည့် စာ -

တရား မျှတသည့် ဒီမိုကရေစီ လိုလားသော မိဘပြည်သူများ ခင်ဗျား -
စစ်ကျွန် ဘဝမှ လွတ်မြောက် စေရန်၊ ဆင်းရဲတွင်းမှ ထွက်မြောက် စေရန် အတွက် ကျင်းပတော့မည် ဖြစ်သော ရွေးကောက်ပွဲအား မည်သူ့ မည်သူကိုမျှ မဲမပေးဘဲ ဆန့်ကျင် သပိတ်မှောက်ရန် အတွက် မေတ္တာ သက်ဝင် ချစ်ခင် တိုက်တွန်း နိုးဆော် အပ်ပါသည် ခင်ဗျား။
  • ထိုရွေးကောက်ပွဲသည် မတရားမှု အများအပြား ရှိနေသည့် အတွက် ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • မတရား သဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (စစ်ကျွန် ဖွဲ့စည်းပုံ)ကို အသက် သွင်းမည့် ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ် မှောက်ရမည် ဖြစ်သည်။
  • ပြည်သူ တို့၏ မရရှိ သေးသော ရပိုင်ခွင့် များကို မည်သို့မျှ မရရှိစေရန် အတွက် ပြုလုပ် ပေးသော (လှည့်စားသော) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • မတရာမှုများ ပြည့်နှက် နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လုံးဝ ပြင်ဆင်ခြင်း မပြုလုပ်နိုင်စေရန် စီစဉ်တကျ ဖိနှိပ် ပြုလုပ် နေသော (လှည့်စား နေသော) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • မိဘပြည်သူများ ၊ ချစ်ခင် ယုံကြည် လေးစားသည့် ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ မပါနိုင်အောင် ထောင်သွင်း အကျဉ်းချပြီး စစ်အုပ်စု ကောင်းစားရေး အတွက်သာ ဖြစ်သော ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • နိုင်ငံသား တိုင်း ဥပဒေအရ မဲမပေးပဲ နေပိုင်ခွင့် ရှိသည်။
  • မိမိ ရရှိထားသည့် အထက်ပါ အခွင့်အရေး အား အပြည့် အဝ အသုံးချပါ။
လူထု တရပ်လုံး အတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့

0 ယောက်ရဲ့ထင်မြင်ချက်: