တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စုတွင် တရားဝင် လွှင့်ထူခွင့်ရရှိ
စစ်အာဏာရှင်တိုက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ ကိုင်စွဲ လွှင့်ထူခဲ့သော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်ဖြင့် စက်တင်ဘာလ(၂၅)နေ့ နံနက် ၁၁နာရီအချိန် ဘတ်ဖဲလိုးမြို့ မြို့တော်ခန်းမရှေ့ ပန်းခြံရှိ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အလံလွှင့်ထူရာ အလံတိုင်တွင် လွှင့်ထူခွင့် ရခဲ့ပါသည်။
တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စုတွင် တရားဝင် လွှင့်ထူခွင့် ပေးခြင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု့ကို အသိမှတ်ပြု ထောက်ခံခြင်း ဖြစ်သလို၊ မြန်မာနိုင်ငံ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အလေးမြတ်ထားခြင်း လည်းဖြစ်ကြေင်း သက်ဆိုင်ရာ အာဏာပိုင် တစ်ဦးမှ ပြောကြားသွားခဲ့ပါသည်။
ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများ
အမေရိကန်ပြည်ထောင်စု
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment