နိုင်-ကျဉ်းမပါတဲ့ အင်းစိန်ထောင်က လွတ်ငြိမ်းချမ်းသာ
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ ဒီကနေ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်လို့ပြောပြီး လွက်ရက်စေ့ကာနီးသူတွေကို လွှတ်ပေးနေပါတယ်။ အစိုးရမီဒီယာတွေကလည်း ဗီဒီယိုကင်မရာ ဓါတ်ပုံကင်မရာတွေနဲ့ စောင့်ရိုက်ပြီးတော့ ထောက်လှမ်းရေးတွေကလည်း ထောင်ဘူးဝမှာ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
လွှတ်ပေးလိုက်တဲ့သူ အားလုံးပေါင်းမှာ အမျိုးသမီး ၃၀၊ အမျိုးသား ၇၀ ပါတယ်လို့ ဆိုပါတယ်။ အများစုက ထောင်ဒဏ် တလလောက်ပဲ ကျတဲ့သူတွေနဲ့ လွတ်ရက်နီးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်မှာရှိတဲ့ဆရာတော်က အကျဉ်းသားတွေ အားလုံးကို တရားဟောပြီး `ဦးသန်းရွှေ ဒလ အံ့ကြီး´ ရေးတဲ့ နိဗ္ဗာန်ရည်စူး မဂ်ဖိုလ်တရားထူးဆိုတဲ့ ကမ္မဌာန်းဘာဝနာ ပွားများနည်း စာအုပ်လေးတွေကို ထောင်လွတ်တဲ့သူ အားလုံးက ကိုင်ပြီးထွက်လာကြတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းက အင်းစိန်ထောင်တွင်းမှာ တရားဟောခဲ့တဲ့ သီတဂူဆရာတော် အရှင်ဥာဏိဿရရဲ့ တရားပွဲအပြီးမှာလည်း ဒီလိုပဲ အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးခဲ့ပါသေးတယ်။
၂ ကြိမ်လုံးမှာတော့ နိုင်ငံရေး အကျဉ်းသား တယောက်မှ မပါခဲ့ပါခင်မျာ။ ပြည်သူကို နိပ်စက်ဖို့ ခိုးဆိုးနိုက်တွေပဲ လွှတ်ပေးလိုက်လေသလား?။ ရာဇ၀တ်မှုတွေကိုအားပေးတဲ့ ရာဇ၀တ်သားခေါင်းဆောင်တွေ အုပ်ချုပ်တဲ့တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားကို ဆက်ဖမ်းပြီး ရာဇ၀တ်အကျဉ်သားတွေကို လွှတ်ပေးတာမဆန်းပေမဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေး သတိပေးတဲ့အနေနဲ့ ဒီပိုစ်ကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ကိုနေလင်း(RFA-အိန္ဒိယမှပေးပို့ပါသည်။)
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment