8/07/2010

ထက်ထက်မိုးဦး ကားတိုက်ခံရပြီး သူမ၏ ခင်ပွန်းဖြစ်သူ ဆေးရုံတင်ထားရ

Freedom News Group | ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း ပေါ်တွင် ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးသည် ခင်ပွန်း ဖြစ်သူနှင့် အတူ မော်တော်ကား မောင်းနှင်လာစဉ် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ထက်ထက်မိုးဦး စီးနင်းလိုက်ပါလာသည့် မော်တော်ကားမှာ ရစရာ မရှိအောင် ပျက်စီးသွားသည်။

“ကမ္ဘာအေး လမ်းမကြီးပေါ် အမှတ်(၂) နယ်မြေ ယာဉ်ထိန်း ရဲစခန်း နားလေးမှာ အတိုက် ခံရတာပါ ၊ နို့ဆီ သယ်တဲ့ ကားက ဟိုဘက် ယာဉ်ကြော ကနေ ဒီဘက် ယာဉ်ကြော အထိ လာတိုက်တာ ၊ ဗင်ကားကို အရင် တိုက်ပြီး အဲဒီကား ၂ စီးလုံးက ထက်ထက်တို့ ကားကို လာတိုက်တာ အဲဒီနေ့ ညနေ ၇ နာရီ လောက်တိုက်မိတာ”ဟု ထက်ထက်မိုးဦးက ပြောသည်။

ကားကို ထက်ထက်မိုးဦး၏ ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်က မောင်းနှင်ခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင် ၄င်းတို့ ၂ ဦးသာ ပါခဲ့ကြောင်း သိရ သည်။ခင်ပွန်းဖြစ်သူ မှာ ဆေးရုံတက် ကုသ ခံနေရပြီး ထက်ထက်မိုးဦး ကမူ ဒဏ်ရာ အပြင်းအထန် ရရှိခြင်း မရှိဟု ဆိုသည်။

သရုပ်ဆောင် ထက်ထက်မိုးဦး သည် 7 Days News Journal မှ သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ပြုမှုကြောင့် တရားရုံးတွင် အမှု ရင်ဆိုင် နေရသည်။

source by : Freedom News Group

0 ယောက်ရဲ့ထင်မြင်ချက်: