ရန်ကုန်မြို့ အစိုးရ ရုံးတချို့ ၏ အာဇာနည်နေ့ ပမာမခန့် လုပ်ရပ်
ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်|009|ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင် ကြီးများ ကျဆုံးသည့် ဇူလိုင်လ ၁၉ ရက် ၁၉၄၇ ခုနှစ် မှစတင် ကာ ၀မ်းနည်းသည့် အထိမ်း အမှတ် တခု အဖြစ် နှစ်စဉ် နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့ကျ ရောက်လျှင် နိုင်ငံတော် အလံ တော်အား တိုင် တစ်ဝက် သို့ချ ၍ လွှင့်ထူ လာသည် မှာ မပျက် မကွက် လိုက်နာ ရမည့် အစဉ် အလာ တစ်ခု ဖြစ်ပါသည်။

ယနေ့ကျရောက် သော အာဇာနည် နေ့တွင် ရန်ကုန်တိုင်း တရားရုံး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် နှင် ကမ်းနားလမ်း ရှိ အကောက်ခွန်ရုံး တို့မှာ အာဇာနည် နေ့ ကို မေ့နေ၍ သော်လည်းကောင်း၊ ဂရုစိုက် စရာ မလို ဟုထင်၍ သော်လည်းကောင်း နိုင်ငံ တော် အလံ အား တိုင်ထိပ် အထိ ပုံမှန် လွှင့်တင် ထားသည် ကိုတွေ့ရပါသဖြင့် ရန်ကုန် မြို့တွင်းတွင် အလုပ်လုပ် နေကြ သော ပြည်သူ့ဝန်ထမ်းများ နှင့် ပြည်သူ အများ စိတ်မသက် သာ ဖြစ်နေကြ ကြောင်း သိရပါသည်။
မြို့တော်ခမ်းမ၊ ဗဟိုတရားရုံးချုပ် နှင့် မြန်မာ့လေကြောင်း တို့တွင် တော့ အလံတိုင်များကို တိုင် တက်သို့လွှင့်ထားသည် ကိုတွေ့ရပါသည်။
သတင်းပေးပို့ပေးသော ပြည်တွင်းမှမျိုးဆက်သစ်လူငယ်များ နှင့် ၀၀၉ အားကျေးဇူးတင်ရှိပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment