အင်ဂျလီနာဂျိုလီ၏ ကမ္ဘာ့ဒုက္ခသည်နေ့ ဗွီဒီယို
စူပါစတားများအတွက် လူမှု့ကယ်ဆယ်ရေးလုပ်ငန်းဆိုတာ ဂုဏ်သရေရှိအသိုင်းအသိုင်းသို့ ၀င်ဆန့်ရန် ပေါ်ပင်လုပ်တာဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီ တယောက်ကတော့ အမြဲတမ်းလှိုက်လှိုက်လှဲလှဲ စိတ်ကောင်းစေတနာပါပါ လုပ်ကိုင်လေ့ရှိသည်။ သူမရဲ့ ကုလသမဂ္ဂ၏ ဒုက္ခသည်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်တဦးအဖြစ် (၁၀)နှစ်တာ သက်တမ်းတွင် ကမ္ဘာပေါ်ရှိ ဒုက္ခဆင်းရဲမှု အများဆုံးရင်ဆိုင်နေရသော လူများရှိရာ ဒေသအနှံအပြားကို အော်စကာဆုရှင်မင်းသမီးတယောက်လဲဖြစ် မိခင်တယောက်လဲဖြစ်သော အင်ဂျလီနာဂျိုလီ သွားရောက်ခဲ့သည်။ "အိမ်တလုံး နေစရာတနေရာ လုံခြုံစိတ်ချရသောနေရာ ရှိတယ်ဆိုရင် တို့အတွက်အများကြီး ပိုနေပြီလို့ လက်ခံရမယ်" "ကျေးဇူးပြုပြီး သတိရကြပါ သန်းပေါင်းများစွာသော လူတွေဟာ သူတို့အိမ်တွေကနေ နှင်ထုက်တာကိုခံရပြီး အိမ်ပြန်ဖို့ဆိုတဲ့ တခုထဲသော မျောလင့်ချက်ကလေးကို ဘယ်တော့မှ မမေ့ကြပါဘူး" ဟု အင်ဂျလီနာဂျိုလီက ကမ္ဘာ့ဒုက္ခသည်နေ့အတွက်ပြုလုပ်သော ဗွီဒီယိုမှာ ပြောသည်။ ဂုဏ်ယူစရာကောင်းတဲ့ ဟောလီဝုဒ်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ၏ လူသားချင်းစာနာထောက်ထားသော လှုပ်ရှားမှုပုံရိပ်များကို ကြည့်ရအောင်.....Heart and Jolie: Angelina's Goodwill Journeys :By Kat Giantis(WONDERWALL)ကို အေးနန္ဒာအောင်(ဂျပန်)မှ ဆီလျှော်အောင်ဘာသာပြန်ဆိုသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment