6/12/2010

ရေ ဒုက္ခတစ်ခုကြောင်း မတော်တဆ အသက်ဆုံးရှုံးခဲရသူ မနေ့က သဂြိုလ်


၀၀၃ | ရေတင်ထားသောလည်း ရေမလာသဖြင့် တိုက်အပေါ်ဆုံးထပ်တွင်ထားရှိသော ရေကန်မှဘား ကို တက်ရောက်စစ်ဆေးစဉ် နင်းထားသော သစ်သားချောင်း ကျိုးကြသဖြင့် မတော်တဆ ဖြစ်ရာမှ အသက်ဆုံးရှုံးခဲ့ရေသော မဇွန်ဇွန်မိုး အား မနေ့က ညနေ ၃နာရီတွင် ရေဝေး သုဿန် သို့ ပိုဆောင် မီးသဂြိုလ် ခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။
ကြည်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက် ၊ ကောင်းမြတ်သူအိမ်ရာ တိုက်(A) ၅ လွှာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးမှာ ရေတင်ထားသော်လည်း ရေရရှိမှုမရှိခြင်းကြောင့် အဆိုပါရေဘားအား သွားရောက်ဖွင့်နေစဉ် ပြုတ်ကျ သေဆုံးခဲ့ပါသည်။ သတင်း အသေးစိတ် ကို ဒီနေရာမှ သွားရောက်ဖတ်ရှု့နိုင်ပါသည်။

အဆိုပါ အသုဘအခမ်းအနား သို့ ရပ်ဝေရပ်နီးမှဆွေမျိုးများ၊မိတ်ဆွေ သူငယ်ချင်းများ၊တိုက်ခန်းအနီးမှ ဧည့်ပရိတ်သတ် များလိုက်ပါပို့ဆောင်ပေးကြပါသည်။ ကိုယ်ချင်းစာနာကြသောအားဖြင့် ဝမ်းနည်းစွာ လိုက်ပါပိုဆောင်ပေးကြသူများ အဆမတန်များ ပြားလှသည်ဟု သတင်းရရှိပါသည်။

ရေဒုက္ခတစ်ခုကြောင့် အမှတ်မထင် အသက်တစ်ချောင်းနှစ်နာ ဆုံးရှုံးခဲ့ရပါတယ်။ ထိုကဲ့သို့သော အဖြစ်အပျက်များ လူမသိသူမသိ သေဆုံးခဲ့ရသူတွေ ဘယ်လောက်များရှိနေကြပြီးလည်း။မိသားစုနှင့် အတူ ထပ်တူ ဝမ်းနည်းမိကြောင်း နှင့် ဤအဖြစ်အပျက်မျိုး နောက်ထပ် မဖြစ်ကြပါစေရန် မြန်မာပြည်သူပြည်သားများ ဘေးအန္တရာယ်ကင်းရှင်း ကြစေဖို့ ဆုတောင်းပေးလိုက်ပါသည်။


သတင်းနှင့်ဓါတ်ပုံပေးပို့ပေးသော ၀၀၃ အားကျေးဇူးတင်ရှိပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်: