6/08/2010

သုံးဖြစ်ခဲ့တဲ့ ဧရာယူနီကုတ်ဖောင်အကြောင်း


ကျွန်တော်ဘာလို့ ဧရာဖောင် ကို အသုံးပြုရလည်းဆိုရင် တခါတလေ မှာ ကျွန်တော်ကကိုယ်ကြိုက်နှစ်သက်တဲ့ စာတွေကို စာတွေကို PDF ဖိုင်ကို ပြောင်းသိမ်းတယ်။ အဲလိုပြောင်းရာမှာ ဖောင် အမျိုးမျိုးကို ပြောင်းသုံးကြည့်တယ်။အဲဒီမှာ ဘာတွေ့ရလည်းတိုတော့ ဧရာယူနီကုတ် မြန်မာဖောင်က တော်တော် လေးကို သပ်သပ် ရပ်ရပ်နဲ့ လှတယ်ဗျာ။များသောအားဖြင့် မြန်မာစာကို (၀)သုည နဲ့ (ဝ)ဝလုံးကို မှားရိုက်နေကြတာ လူတိုင်းလိုလိုပါပဲ။ တကယ်တော့ (၀) နဲ့(ဝ)ကဘာမှမဆိုင်ဘူးနော်။အဲလိုမှာ ရိုက်နေကြတာကို ခု ဒီဧရာဖောင်မှက အလိုအလျှောက် အော်တိုပြောင်းပေးတယ်ဗျာ။လေ့လာကြည့်ပါဦး။

အဲ ..မင်းက ဇော်ဂျီဖောင် အရင်က သုံးနေပြီး ကျေးဇူးကန်း စကားပြောတာလား ဆိုတော့ မဟုတ်ပါဘူး။ တမျိုးစီပေါ့ဗျာ။ မတူညီတဲ့ အကြောင်းလေးတွေက တကယ်သုံးကြည့်ချိန်မှာ ပိုသိလာရမယ်။အောက်က သူတို့ အမေးအဖြေ ဆိုဒ်မှာ ဖော်ပြထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။



အဲဒီမှာ ကျွန်တော်ဘလောက် ဆိုဒ်ကို ဒီဧရာဖောင်သုံးရရင် ကောင်းမလားဆို စဉ်းစားမိတယ်ဗျာ ။နောက် အော်စာဖတ်သူမှာ ဒီဖောင်က မရှိရင်ခက်မယ်ဆို ပြန်စဉ်းစားရပြန်ရော။ ကျွန်တော်တို့ က အစတည်းက ဇော်ဂျီနဲ့ ရေးတင်လာခဲ့ကြတာလေ။ပိုစ်တွေ အကုန် ပြန် ပြီးတော့အကုန်ပြောင်းမယ် ဆို သေပြီးဆြာ ပေါ့။ ကဲ့ ဒါနဲ့ အဲဒီ http://www.ayarunicodegroup.org/ မှာ သွားလေ့လာတော့ တွေ့ပါပြီးဗျာ ။ဘလောက်မှာ သုံးဖို့ ဘယ်လို လုပ်ရမယ်ဆိုတာကိုပါ။နောက် ဖရီးပေးထားတာလေးတွေကို လည်း ယူခဲ့ဦးနော်။

ဒါပေမယ် ကျွန်တော်ဘလောက်မှာ ထည့်စမ်းကြည့်တယ် ။ထည့်လို့ တန်ပလိတ်နဲ့က ဘယ်လိုမှ ကို အစဉ်မပြေတာ ဒါနဲ့ အဲဒီ ဧရာ အဖွဲ့မှာ အကူညီ မေးစမ်းတောင်း ကြည့်တော့ နွေးထွေးစွာနဲ့ ဆက်ဆံပြီး ပြန်လည်ဖြေကြားပေးတယ်ဗျ။
အဲဒီမှာ တင် တော်တော် လေးစားသွားတယ်ဗျာ။ပိုက်ဆံနဲ့ဟုတ်ဘူးနော် ဖရီးကြီးနော်။ နောက်အဲဒီ ဧရာ အဖွဲ့ရဲ့ အကူညီနဲ့ ခုဆို ကျွန်တော်ဘလောက်မှာ မြင်တဲ့အတိုင်းတခုတိုးလာပါတယ်ဗျာ။ကျေးဇူးပါ။
တကယ်လို့ ဆရာသမားတို့လည်းစိတ်ဝင်စားမယ်ဆိုရင် ဧရာမှာ လေ့လာပြီးသုံးကြည့်ကြပါဦးဗျာ။


ဧ​ရာ​စာ​ရိုက်​နည်း​စ​နစ်​ Input Method Editor က​နေ​ပြီး​တော့​ ​အောက်​ပါ Repeat Errors​ ​၂​ခါ​ထပ်​ထပ်​ရိုက်​မိ​တဲ့​စာ​လုံး​များ

- အသတ်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (က်)
- သေးသေးတင်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (ကံ)
- နောက်ပစ်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (ကဲ)

- တစ်ချောင်းငင်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (ကု)
- နှစ်ချောင်းငင်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (ကူ)
- တစ်ချောင်းငင်နှင့် နှစ်ချောင်းငင် ရော၍ ရိုက်​မိ​ခြင်း (ကူ)

- ဟထိုးကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (လှ)
- လုံးကြီးတင်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (ကိ)
- လုံးကြီးတင်ဆံခတ်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (ကီ)
- ဝဆွဲကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (ကွ)
- ဝဆွဲဟထိုးကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း (လွှ)
- အောက်မြစ်ကို တစ်ခုထက်ပို၍ ရိုက်​မိ​ခြင်း
-(ကဲ့)
ကို​ ​ထပ်​ရိုက်​လို့​ ​မ​ရ​အောင်​ ​စီ​မံ​ပေး​ထား​ခြင်း​၊

- ရျ ​လို့ရိုက်မိ​လျှင် ရှ သို့ ​ပြောင်း​ပေးသွားမည်။(ရ​ကောက် ရပင်းရိုက်​လျှင် ရ​ကောက် ဟထိုးသို့ ​ပြောင်း​ပေးသွားမည်။)
-​ ၄​ င်း လို့ရိုက်မိ​လျှင် ၎င်း​ သို့ ​ပြောင်း​ပေးသွားမည်။

- ဈ​ လို့ရိုက်မိ​လျှင် ဈ​ သို့ ​ပြောင်း​ပေးသွားမည်။
-ဥာ​ လို့ရိုက်မိ​လျှင် ဉာ​ သို့ ​ပြောင်း​ပေးသွားမည်။
-ြ + သ လို့ရိုက်မိ​လျှင် ဩ သို့ ​ပြောင်း​ပေးသွားမည်။
-ေ +ြ + သ +ာ +် လို့ရိုက်မိ​လျှင် ဪ သို့ ​ပြောင်း​ပေးသွားမည်။
- က + --ိ + ---္က ။ စာလုံးနှင့် ပတ်​ဆင့် ကြားတွင် လုံးကြီးတင် စသည်​တို့ ရိုက်​ခဲ့လျှင် အလိုအ​လျှောက် လုံးကြီးတင်​စသည်​တို့ကို ​နောက်​ရွှေ့​ပေးသည်။
- အသတ်၊ လုံးကြီးတင်၊ လုံးကြီးတင် ဆံခတ် စသည်​တို့ကို ​ရောရိုက်​မရ​အောင်ပြုလုပ်​ထားသည်။
- တစ်​ချောင်းငင်၊ နှင့် နှစ်​ချောင်းငင်​ကို ​ရောရိုက်​မရ​အောင်ပြုလုပ်​ထားသည်။
- ​သေး​သေးတင်​နှင့် ​နောက်​ပစ်​ကို ​ရောရိုက်​မရ​အောင် ပြုလုပ်​ထားသည်။
- လုံးကြီးတင် ရိုက်​မိပြီး လုံးကြီးတင်​ဆံခတ်​ကို ပြန်ပြင်​ချင်​တာ၊ တစ်​ချောင်းငင်​နဲ့ ၂​ချောင်းငင် မှားရိုက်​မိခြင်း​၊​ ပုံမှန်​အားဖြင့်မှားသွားရင် ပြန်​ဖျက်ပြီး ပြင်​ရပါတယ်။ ​အဲ​တာ​ကို့ ပြန်​ဖျက်​စရာ မလို​ဘဲ ဒီတိုင်းထပ်​ရိုက်​လိုက်​ရုံနဲ့ သူ့ဘာသာသူ replace လုပ်​ပေး​အောင်​ ​စီ​မံ​ထား​ပါ​တယ်​။ ​ထို့​အ​တူ
- လုံးကြီးတင်၊ လုံးကြီးတင် ဆံခတ်၊ ​နောက်​ပစ် - တစ်​ချောင်းငင်၊ နှစ်​ချောင်းငင်​ ​များ​တွင်​ပါ​ ​အ​လုပ်​လုပ်​အောင်​ ​စီ​မံ​ထား​ခြင်း​၊ - ရ​ကောက်​​ နေရာတွင် ၇ ကို မှားရိုက်​မိလျှင် အလိုအ​လျှောက်ပြင်​ပေးခြင်း​၊
- ဝလုံး​​ နေရာတွင် ၀ သုညကို မှားရိုက်​မိလျှင် အလိုအ​လျှောက်ပြင်​ပေးခြင်း​၊
- ဂငယ်​ ​နေရာတွင် ​၈ ရှစ်ကို မှားရိုက်​မိလျှင် အလိုအ​လျှောက်ပြင်​ပေးခြင်း​၊ တို့​ကို​ထည့်​သွင်း​ပေး​ထား​ပါ​တယ်​။ ​ထို့​အ​ပြင်​ ဧ​ရာ​လက်​ကွက်​ကို​လည်း​ ​အ​ခြား​မြန်​မာ​စာ​ရိုက်​နည်း​များ​လို့​ ​ခ​လုပ်​အ​များ​ကြီး​မ​လို​ဘဲ​ ​အ​လွယ်​တ​ကူ​ ​ရေး​သား​နိုင်​အောင်​လည်း​ ​စီ​မံ​​ ပေး​ထား​ပါ​တယ်​။

အ​ဆို​ပါ​အ​ချက်​အ​လက်များ​ကို ​ကိုညီ​လင်း​ဆက်​၏​ သု​တေ​သ​န​ပြု​ချက်​များ​​မှ​ ​အ​ကျိုး​ပြု​ရ​ယူ​​ ထည့်​သွင်း​ထား​ခဲ့​ပါ​သည်​။

ကဲခုပဲသုံးကြည့်ပါဦး အစမ်းပေါ့။ဆိုက်ဘားမှာ ရှိတယ် ။

အသေးစိတ်မေးမြန်းလိုပါလျှင်...http://club.ayarunicodegroup.org/questions

source by :http://club.ayarunicodegroup.org/

1 ယောက်ရဲ့ထင်မြင်ချက်:

YE MIN TUN said...

ဒီလိုဘဲ ဆယ့်နှစ်မျိုးဂျင်းသုတ်လိုက်လုပ်နေတာပါဗျာ တခါတလေ နားရက်လေးရတာနှင့် လိုက်ကလီပြီး ကြီးကြီးကျယ်ကျယ်ပွါးနေလိုက်တာ......
ဌက်တွေမပျံနှင့်ပြောထားကာမှ ခါချဉ်လောက်ရှိတဲ့ဌက်လေးနှစ်ကောင် ပျံခိုင်းထားတယ် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံလိုဘဲ သွေးတိုးစမ်းနေတာ သူတို့လဲ သမ္မတအိုဘားမား ကနဲနဲထူနေလို့ ရတာပါ ဂျော့ဒဗလျုဘွတ်ရှ် နှင့်ဆို ပြာသွားတာကြာပေါ့ သမ္မတအိုဘားမား ထူချက်ကတော့ ရှိက်မိုဟာမက်(စက်တင်ဘာ ၁၁ စီစဉ်သူတဦး)ကိုတောင် အရပ်ဖက်ခုံရုံးလွဲပြီး အစိုးရရှေ့နေပေးသုံးဖို့ လုပ်သတဲ့ တနိုင်ငံလုံး ဆဲချက်ကဆူနေတာဘဲ အင်းလေသူလဲ သမ္မတဖြစ်ဖြစ်ခြင်း ဘုမသိဘမသိ နိုဘယ်ဆုကောက်ခါငင်ခါ ရလိုက်တော့ ရှုပ်ကုန်တာနေမှာပေါ့ (လိုင်းတွေတောင် ပြောင်းကုန်ပြီ ပြန်ဆက်မှ)
ကိုလတ် ဒီဌက်ကို ပြန်လာခေါ်သွားပါ လုံးဝပေးမပျံနိုင်ဘူး မရပါဘူး NO, Tak Boleh, မဲ့ဒိုင်း (သိသမျှ ဘာသာနှင့် နိုးပြီးပြီ) ဒါပါဘဲ

8/6/10 4:56 AM