5/29/2010

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR

မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Chinese Assembly Hall တွင် UNHCR မှ မြန်မာ ဒုက္ခသည်အဖွဲ့အစည်းများကို တွေ့ဆုံ၍ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆွေးနွေးခဲ့သည်။

UNHCR ၏ Community Development Unit (CDU) အနေနှင့် မလေးရှားရောက် UNHCR ကဒ်ရထားသူ မြန် မာဒုက္ခသည်များအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် မလေးရှားအာဏာပိုင်များနှင့် တိုင်ပင်ဆွေး နွေးနေကြောင်းနှင့် ရလဒ်ကောင်းတွေရလာနိုင်ကြောင်းပြောကြားခဲ့သည်။ CDU မှ မြန်မာဒုက္ခသည်အဖွဲ့အစည်း များကို ပြောကြားရာတွင် UNHCR ကဒ်ရရှိထားပြီး အလုပ်လုပ်ကိုင်နေသူများ၊ အလုပ်မဲ့နေသူ ဒုက္ခသည်များ၏ နာမည်၊ စာရင်း၊ အလုပ်လုပ်ကိုင်ရာနေရာ၊ ဆက်သွယ်ရန်လိပ်စာ စသည့်အချက်များပါသည့် စာရင်းကို UNHCR သို့ပေးပို့ပေးကြရန် ပါဝင်သည်။
UNHCR ၏ မြန်မာဒုက္ခသည်များ အလုပ်အကိုင်ရရှိရေးအတွက် ကူညီဆောက်ရွက်ပေးမှုသည် ကောင်းမွန်သော အစီအစဉ်ဖြစ်ပေမယ့် မလေးရှား uNHCR အရာရှိတစ်ချို့ အထူးသဖြင့် Registration Unit ၏ ခွဲခြားဆက်ဆံမှု များကြောင့် အခက်အခဲ အကန့်အသတ်များရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) ဥက္ကဌ ဦးမောင်လှက အစည်းအဝေးတွင် ပြောကြားရာတွင် “ အလုပ်အကိုင်ရရှိရေးအတွက် UNHCR မှ ယခုလို ကူညီဆောင်ရွက်နေခြင်းသည် ၀မ်းသာ စရာကောင်းသည်။ သို့သော် UNHCR ကဒ်ရရှိထားသူများအတွက်သာဖြစ်နေပြီး ဒုက္ခသည်ဖြစ်ထိုက်ပေမယ့် UNHCR Registration တွင် နာမည်စာရင်းသွင်းဖို့တောင် အခွင့်အရေး မရကြသော မြန်မာဒုက္ခသည်များအဖို့ အင်မတန်ဝမ်းနည်းစရာကောင်းနေပါတယ် ” ဟု ပြောဆိုသွားသည်။

မလေးရှား UNHCR ၏ ခွဲခြားဆက်ဆံနေမှုနှင့်ပတ်သတ်၍ ဦးမောင်လှက “ ယခုအခါ မလေးရှား UNHCR အရာ ရှိတစ်ချို့၏ မြန်မာလူမျိုးအချင်းချင်းအပေါ် သွေးခွဲနေခြင်း၊ ခွဲခြားဆက်ဆံနေမှုများသည် လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ဗမာလူမျိုးအပါအ၀င် အချို့မြန်မာအဖွဲ့အစည်းများမှာ UNHCR ကဒ်ရဖို့ဝေးစွ၊ Registration လုပ်ခွင့်မရသည်မှာ ၃ နှစ်ကျော်နေပြီဖြစ်ကြောင်း၊ ဒါဟာ လုံးဝ မတရားသက်သက် ဖိနှိပ်၊ အနိုင်ကျင့်တာ ဖြစ် ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

UNHCR အနေနဲ့ မလေးအာဏာပိုင်များ နှင့် ဆွေးနွေး၍ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရင်တောင်မှ UNHCR ကဒ်မရသေးသော မြန်မာဒုက္ခသည်များမှာ ဘာအခွင့်အရေးမှ မရသည့်အပြင် မလေးအာဏာပိုင်များ၏ အတင်း အကြပ်ဖမ်းဆီးထောင်ချ အပြစ်ပေးခြင်းကို ပိုမိုခံရနိုင်ဖွယ်ရှိနေသည်ဟု စိုးရိမ်မှုများလည်းရှိသည်။ ထို့ပြင် ဒုက္ခ သည်ချင်းအတူတူ UNHCR ကဒ်ရရှိထားသူများ နှင့် UNHCR ကဒ်မရသေးသောသူများကြား ကွာဟချက်လည်း အလွန်ကြီးများသွားမည်။

ဒီလိုမြန်မာဒုက္ခသည်အချင်းချင်းမညီမျှမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်ရတာဟာ မလေးရှား UNHCR အရာရှိတစ် ချို့ရဲ့ မတရားခွဲခြားမှုကြောင့်ဘဲဖြစ်တယ်။ မလေးရှား အစိုးရက လူသားချင်းစာနာလို့ တရားဝင်လုပ်ကိုင်ခွင့် ပြု လာရင်တောင်မှ မလေးရှား UNHCR အရာရှိတစ်ချို့ရဲ့ နှစ်ရှည်လများ ခွဲခြားဆက်ဆံမှုတွေကြောင့် UNHCR ကဒ်ရထားတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေကျတော့ အလုပ်အကိုင်တွေရစေ၊ သူတို့ UNHCR ကဒ်မပေးတဲ့ ဗ မာလူမျိုးတွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကျတော့ ထောင်ကျစေ သ ဘောဖြစ်နေပြီ။

မလေးရှား UNHCR က ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဗမာတွေကို UNHCR စာရင်းပေးသွင်းခွင့်မရတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။

တစ်ချို့ UNHCR အရာရှိတွေကဆိုရင် “ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ” လို့ ပြောတာတွေရှိပါတယ်။ ဒီလို ယုတ္တိမရှိတဲ့ ပြောကြားမှုတွေနှင့်ပတ်သတ်ပြီး ကျနော့်မှာ အထောက်အထားတွေရှိပါတယ် ” ဟု BRO ဥက္ကဌ ဦမောင်လှက ဆိုသည်။

အစည်းအဝေးတွင် CDU မှ တာဝန်ရှိသူများက မိမိတို့အနေနဲ့ UNHCR Registration Unit နဲ့ ဆွေးနွေးတိုင်ပင် မည်ဖြစ်ကြောင်း နှင့် မြန်မာဒုက္ခသည်အဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြမှုများကို အလေးထားပါကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းများမှ မိမိတို့၏ အဖွဲ့ဝင်များ၏ အမည်၊ နေရပ်လိပ်စာ၊ ရောက်ရှိရာနေရာ၊ အ လုပ်ရှိလျှင် အလုပ်၏လိပ်စာ စသည့်အချက်အလက်များပါသော စာရင်းကို ပို့ပေးပါရန်လည်း ပြောကြားခဲ့သည်။

မလေးရှား UNHCR ၏ အဖွဲ့အစည်းများ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား၊ အနိုင်ကျင့်တတ်ပုံနှင့်ပတ်သတ်၍ BRO ဥက္ကဌ ဦးမောင်လှက ယခုလိုပြောပြခဲ့သည်။

“ ကျနော်တို့အနေနဲ့ UNHCR ရဲ့ ဂုဏ်သိက္ခာကိုလေးစားပြီး မလေးရှား UNHCR ရဲ့ Registration Unit က ယခု လိုဘဲ ကျနော်တို့ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) အဖွဲ့ဝင်တွေရဲ့ နာမည်၊ လိပ်စာ၊ ရောက်ရှိရာနေရာ၊ မလေးရှားရောက်သည့်နှစ်၊ အိမ်ထောင်ရှိ/မရှိ အစရှိသဖြင့် အချက်အလက်များပါတဲ့ စာရင်းကို ၂၀၁၀ ဖေဖော် ၀ါရီလဆန်းပိုင်းနောက်ဆုံးထားပို့ပေးရန် အကြောင်းကြားခဲ့သည်။ UNHCR ပြောတဲ့အတိုင်း ကျနော်တို့ အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ ဒီအဖွဲ့ဝင်တွေကို UNHCR စာရင်းသွင်းပြုလုပ်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်။

BRO အနေနဲ့လည်း UNHCR ရဲ့ ဂုဏ်သိက္ခာကို လေးစားတာကြောင့် သူတို့ပေးထားတဲ့ ကတိကိုယုံကြည်ခဲ့မိ တယ်။ သို့သော် အချိန်အတော်ကြာတဲ့အထိ မျှော်လင့်နေခဲ့သော်လည်း ဘာမှအကြောင်းပြန်ကြားခြင်းမရှိတာ ကြောင့် ကျနော်ကိုယ်တိုင်သွားရောက် စုံစမ်းမေးမြန်းတဲ့အခါ UNHCR အရာရှိရဲ့ တုံ့ပြန်ချက်ဟာ လုံးဝကို အံ့ အားသင့် တုန်လှုပ်သွားခဲ့ရပါတယ်။

UNHCR Registration အရာရှိက “ ငါတို့မင်းတို့အဖွဲ့ဝင်စာရင်းကို မလေးရှား Immigration(လူဝင်မှုကြီးကြပ် ရေး) ဌာနကို ပေးပို့ထားတယ်လို့ ” ကျနော့်ကိုပြောတယ်။ UNHCR လိုအဖွဲ့အစည်းမှာ ဒုက္ခသည်အဖြစ်လျှောက် ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မလေးရှားအာဏာပိုင်တွေကို ပေးပို့လိုက်တာဟာ ဗမာလူမျိုး ဒုက္ခသည်တွေ သက်သက်ဖမ်းဆီးထောင်ချစေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုဖြစ်နေတယ်။ ပြီးတော့ ယုံ ကြည်မှုကို အလွဲသုံးစားလုပ်လိုက်တာလေ။


အခုလည်း မလေးရှား UNHCR ရဲ့ စီမံကိန်းတွေဟာ UNHCR ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်မရတဲ့ ကျနော်တို့ BRO အဖွဲ့ဝင်တွေနဲ့ အခြား UNHCR ရဲ့ခွဲခြားဆက်ဆံ၊ ဖိနှိပ်၊ အနိုင်ကျင့်ခံနေရတဲ့ ဒုက္ခသည်တွေအတွက်တော့ “ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR ရယ် ” လို့ဘဲ မေးရမလိုဖြစ်နေပါတော့တယ်ဗျာ။ ”
ပေးပို့ပေးသူ - ခမိခဆဲ http://kamikaze-2010.blogspot.com

5 ယောက်ရဲ့ထင်မြင်ချက်:

မန်းကိုကို said...

ရော .. ခက်လှပါပကောလို့ပြောရင် .. အင်းလေ၊ မကြိုက်သူတွေအတွက်တော့ မှားသွားမှာပေါ့။

ပထမဆုံးပြောချင်တာက မြန်မာပြည်သားအချို့ UNHCR ကို ILO (International Labour Organisation) နဲ့မှားယွင်းပြီး အထင်လွဲနေကြတယ်လို့ ယူဆမိပါတယ်။ ဟုတ်ပါတယ်၊ အလုပ်သမားတွေအရေးကို ILO က ဆောင်ရွက်ပေးပြီး UNHCR က ခိုလှုံသူတွေအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပေးပါတယ်။

UNHCR က Registration မလုပ်ပေးတာဟာ မတရားဖိနှိပ်၊ အနိုင်ကျင့်တာမဟုတ်ရပါ၊ ခွဲခြားဆက်ဆံတယ်ဆိုရင်တော့ မငြင်းလိုပါ။

အတင်းအကြပ်ဖမ်းဆီးထောင်ချတာကတော့ ကိုယ်ရွေးတဲ့လမ်းမို့ မလေးရှားခေတ်ဦး ၁၉၉၀ တွေကစပြီး ဘယ်သူမှတော့ အပြစ်တင်သံမကြားရဖူးပါ။

လ၀က ဆီကို စာရင်းပေးပို့တာကတော့ ဒီလူတွေကိုအကာအကွယ်ပေးဖို့ တင်ပြတာရောမဖြစ်နိုင်ဘူးလား။ ထိုင်းနိုင်ငံမှာတော့ ခိုလှုံသူစာရင်းကို UNHCR ကနေကောက်ပြီးရင် သူ့နိုင်ငံရဲ့ အတည်ပြုချက်ရမှ တရားဝင်ခိုလှုံသူဖြစ်လာပါတယ်။ နိုင်ငံတိုင်းကိုသွားပြီး စာရင်းတောင်မပြပဲ၊ ဒါငါတို့လူ၊ မင်းတို့မထိကြနဲ့လို့ UNHCR ကပြောလို့မရပါ။

အဆုံးသတ်ပြောလိုတာကတော့ လူမျိုးရေးကိစ္စကို ဒီလောက်ဘောင်ဘင်ခတ်ပြီးရင် ကြေနပ်ပါတော့။ နယ်စပ်တွေမှာ တိုင်းရင်းသားတွေရဲ့ အလောင်းတွေတောင် သဂြိုလ်ဖို့ မကောက်နိုင်ကြသေးပါဘူး။ အားလုံးအတွက် စေတနာနဲ့ တဖြည်းဖြည်း လုပ်ယူလိုတယ်ဆိုရင်တော့ တဖက်တလမ်းက ကူညီပေးပါ့မယ်။

3/6/10 11:51 AM
မန်းကိုကို said...

သဘောထားတွေ တစ်ဖက်သတ်မဖြစ်အောင် လာတင်ပြပေးတာပါ။

မန်းကိုကို


Anonymous said...
ပိုစ်နဲ့တော့ မဆိုင်ပါ ငွန်ငယ်မိုး ဘလောက်တွင် UN ကိစ္စနှင့်ပတ်သတ်၍ ရေးထားသည်ကွန်မန်းကို ပြန်လည်းဖြေရှင်းချင်းသာဖြစ်ပါသည်။
.................
( ပထမဆုံးပြောချင်တာက မြန်မာပြည်သားအချို့ UNHCR ကို ILO (International Labour Organisation) နဲ့မှားယွင်းပြီး အထင်လွဲနေကြတယ်လို့ ယူဆမိပါတယ်။ ဟုတ်ပါတယ်၊ အလုပ်သမားတွေအရေးကို ILO က ဆောင်ရွက်ပေးပြီး UNHCR က ခိုလှုံသူတွေအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပေးပါတယ်။)
>> ဘယ်သူမှ အဲဒီလို လွဲမှားပြီး မယူဆပါ။မလေးရှားမှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံး အလုပ်သမားတွေ ဖက်က ရပ်တည်နေတဲ့ အဖွဲ့တွေ (သံရုံးမှလွဲ၍)ဟာအဲဒီလောက်အထိ မညံ့ကြပါဘူး။အဲဒီလို ပြောတာဟာ မလေးရှားမှာ တကယ်တမ်းလုပ်နေတဲ့ အဖွဲ့တွေကို ဆော်ကားရာ ရောက်ပါတယ်။ မရေးသင့်ပါ။

(UNHCR က Registration မလုပ်ပေးတာဟာ မတရားဖိနှိပ်၊ အနိုင်ကျင့်တာမဟုတ်ရပါ၊ ခွဲခြားဆက်ဆံတယ်ဆိုရင်တော့ မငြင်းလိုပါ။)
ဘယ်လို သက်သေကြောင့် မလေးရှားမှာ ရှိနေတဲ့ UNHCR ဖိနှိပ်မှုမရှိဘူး၊ အနိုင်ကျင့်တာ မဟုတ်ဘူးလို့ ပြောနိုင်ပါသလည်း။ မလေးရှားမှာ ရှိနေတဲ့ UN ရုံးအကြောင်း ဒုက္ခသည်တွေ အကြောင်းကို အတွင်းကျကျ သေချာ မသိပဲ မပြောသင့်ပါဘူး။
(အတင်းအကြပ်ဖမ်းဆီးထောင်ချတာကတော့ ကိုယ်ရွေးတဲ့လမ်းမို့ မလေးရှားခေတ်ဦး ၁၉၉၀ တွေကစပြီး ဘယ်သူမှတော့ အပြစ်တင်သံမကြားရဖူးပါ။)
>> ဒီကိစ္စကိုတော့ မပြောလိုပါဘူး။မလေးရှားမှာ ဖမ်းလိုက်ဆီးလိုက်၊ လွတ်လိုက် ပြန်ဝင်လာလိုက် လုပ်နေကြတာကတော့ ရိုးနေပါပြီး။

(လ၀က ဆီကို စာရင်းပေးပို့တာကတော့ ဒီလူတွေကိုအကာအကွယ်ပေးဖို့ တင်ပြတာရောမဖြစ်နိုင်ဘူးလား။ ထိုင်းနိုင်ငံမှာတော့ ခိုလှုံသူစာရင်းကို UNHCR ကနေကောက်ပြီးရင် သူ့နိုင်ငံရဲ့ အတည်ပြုချက်ရမှ တရားဝင်ခိုလှုံသူဖြစ်လာပါတယ်။ နိုင်ငံတိုင်းကိုသွားပြီး စာရင်းတောင်မပြပဲ၊ ဒါငါတို့လူ၊ မင်းတို့မထိကြနဲ့လို့ UNHCR ကပြောလို့မရပါ။)
လုံးဝ လုံးဝ ကို မဖြစ်နိုင်ပါဘူး။ UN ကို တင်ပြထားတဲ့ စာရင်းဟာ တကယ် မြန်မာဒုက္ခသည်သီးသန့် စာရင်းသပ်သပ်ပါ။(တခြားတိုင်းရင်းသားများမပါ) ဒီစာရင်းကို UN က အသိအမှတ်မပြုသေးပဲ ဘာမှကို မလုပ်ရသေးပဲ လဝက ကိုတင်ပြတာအား တရားမဝင်နိုင်ငံခြားသား မြန်မာတွေ ဘယ်လောက်ရှိနေတယ် ဘယ်နေရာမှာ ပိုများနေတယ်လို့ အတိအကျ အသိပေးအကြောင်းကြားတာနဲ့ အတူတူပါပဲ။ ပို့ပေးတဲ့ မြန်မာဒုက္ခသည်တွေ ကို တကယ်ကူညီပေးနေစောင့်ရှောက် ပေးနေတဲ့ BRO အဖွဲ့ ဟာ ကိုယ်သေတွင်းကိုယ်တူးတာနဲ့ အတူတူပါပဲ။
တခြားနေရာကUN ရုံးတွေက ဘယ်လိုရှိတယ် ဘယ်လို လိုက်နာတယ် မသိရပေမယ့် မလေးရှား UN ရုံးကတော့ ဘက်လိုက်တယ် လူမျိုးခွဲခြားတယ်ဆိုတာ ဒီနိုင်ငံမှာ ရှိနေတဲ့ မြန်မာ(ဗမာ) လူမျိုးတိုင်းသိပါတယ်။တခြား(ကရင်၊ထားဝယ်၊ရခိုင် လူမျိုးတွေလည်းမေးကြည့်ပါ)။
(အဆုံးသတ်ပြောလိုတာကတော့ လူမျိုးရေးကိစ္စကို ဒီလောက်ဘောင်ဘင်ခတ်ပြီးရင် ကြေနပ်ပါတော့။ နယ်စပ်တွေမှာ တိုင်းရင်းသားတွေရဲ့ အလောင်းတွေတောင် သဂြိုလ်ဖို့ မကောက်နိုင်ကြသေးပါဘူး။ )
>>> ဆောင်းပါးရှင်းဟာ တိုင်းရင်းသားလူမျိုးများအချင်းချင်း သွေးကွဲအောင်လုပ်နေတာ မဟုတ်ပါ။ လုပ်နေတာက UN ကိုယ်တိုင်ပါပဲ။ အတွင်းကိစ္စတွေ ကို အသေးစိတ်သိချင်ရင် သေချာ လေ့လာ ကြည့်ပါ။
ကျွန်တော်သိတာပြောပြရရင်-
“ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ”
အဲဒီ ဟာကအမှန်ပါပဲ။

4/6/10 4:27 PM
မန်းကိုကို said...

ဒုတိယပိုင်းပါ။

မန်းကိုကို

June 3, 2010 10:24 AM
Anonymous said...
တစ်ခုပြောချင်တာက သင်ဟာချင်းလူမျိုး တယောက်ဖြစ်နေခဲ့ရင်
ဘယ်လိုနည်းနဲ့ပဲ မလေးရှားကို ရောက်ခဲ့ပါစေ။ လေယာဉ်ပျံနဲပဲလာလာ ဒီနေ့ရောက်တာနဲ့ UN မှာ စာရင်းပေးသွင်းထားလို့ ရပြီး နောက်တစ်ပတ်လောက်ဆိုမလေးရှားUN က အသိအမှတ်ပြုကဒ်ရပါပြီး။သင်တတိယနိုင်ငံ သွားလို့ ရပါပြီး။ဒီလောက်အထိဖြစ်နေပြီးတော့ တကယ်ကို မြန်မာပြည်ပြန်ရင် အဖမ်းခံရမယ် လုပ်ထားတဲကိစ္စတွေက တကယ် နိုင်ငံရေး အရ သေချာ နရဖ ကပေးမယ်ဆိုရင် တသက်လုံးတောင် ထောင်ထဲက ထွက်ရမှာ မဟုတ်ဘူး။သေချာ စုံစမ်းကြည့်လည်း အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို လူမျိုး မရပါဘူး။ဘာကြောင့်လည်းဆိုတော့ သူကမြန်မာလူမျိုး ဗုဒ္ဓဘာသာ ဖြစ်နေလို့ပါပဲ။ စောစောက အေးအေးဆေးဆေး အပေါ်လမ်းကနေ ပတ်စပိုစ်နဲ့လာတယ် မြန်မာပြည်မှ နိုင်ငံရေးနဲ့ဖြစ်ဖြစ် ဘာအမှုပဲဖြစ်ဖြစ်နေလို့မရတဲ့ကိစ္စဘာမှ မဖြစ်လာခဲ့ တဲ့သူကြတော့ ခိုလုံခွင့် ရပါတယ် ဘာကြောင့်ပါလည်း ဆိုတာကို ဥပမာ တခုပေးရင် နောက်ထပ် အကြောင်းတွေ အများကြီးရှိပါသေးတယ် ။

သေချာ လေ့လာပြီးမှ မလေးရှား UN ကိစ္စကို ဝေဖန်စေလိုပါတယ်။
တခုပြောချင်တာက ဒီနိုင်ငံမှာ ရှိနေတဲ့သူတွေ ဒီကိစ္စအတွက် လုပ်နေတဲ့သူတွေနဲ့ မေးမြန်း ဆက်သွယ်ကြည့်စေချင်ပါတယ်။ ကိုယ်သိထားတဲ့ UN အချက်အလက် အရာတွေကို ဆုပ်ကိုင်ပြီး တရားသေ ပြောနေလို့ မဖြစ်နိုင်ပါဘူး။မလေးရှားမှာ ရှိနေတဲ့သူတွေ ထပ် ပိုမသိနိုင်ဘူးထင်ပါတယ်။

ဆောင်းပါးရှင်ဟာ တိုင်းရင်းသားလူမျိုးတွေ သွေးကွဲအောင် ညီညွတ်မှုပြိုကွဲအောင် တဖက်သက်ရေးထားတာမဟုတ်ပါဘူး မလေးရှားယူအန်ဖြစ်နေတာကို ဖော်ထုတ်ရေးသားထားတာဖြစ်ပါတယ်။
ကိုမန်းကိုကိုပြောသည့်(အားလုံးအတွက် စေတနာနဲ့ တဖြည်းဖြည်း လုပ်ယူလိုတယ်ဆိုရင်တော့ တဖက်တလမ်းက ကူညီပေးပါ့မယ်။) ဆိုသည့်စကားအတွက် လေးစားပါသည်။

ဒီဆောင်ပါးအတွက် မလေးရှားနိုင်ငံတွင်းမှာ နေသည့် မည်သူမဆို အထင်မမှားပါ။ UN အကြောင်းဟာ အမှန်တွေ ဖြစ်နေသည့်အတွက်။

ကျွန်တော်သည် မလေးရှားမှာ နေပါသည်။သို့သော် ဘယ်အဖွဲ့အစည်း ဘယ်သူ၏ လက်အောက်ကမှမဟုတ်သလို ခိုလုံခွင် UN လည်းလျှောက်မထားပါ။
ယခု ကိုမန်ကိုကို ရေးထားသည့် ကွန်မန်းကို ငွန်ငယ်မိုး ဘလောက်တွင် တွေ့ရှိသည့် အတွက် ဘေးမှသိထားမြင်ထားကြားထားသည့်တို့ကို ပြန်လည်ဖြေရှင်းပြောပြခြင်းသာဖြစ်ပါတယ်။ဒီကွန်မန်းတွေကို ဆောင်းပါးရှင်းကို ပို့ပေးလိုက်ပါမယ်။

ကျွန်တော်သည်မည်သည့်ဖက်မှ ဘက်မလိုက် သို့သော်အမှန်တရားဖက်မှအမြဲ တမ်း ရပ်တည်သူသာ ဖြစ်ပါသည်။

အမှားရှိခဲ့ပါက စေတနာအမှားဟုသာ။
မလေးရှားရောက် မြန်မာပြည်သားတစ်ဦး။

4/6/10 4:28 PM
မန်းကိုကို said...

ပြန်စာရေးရင်း ရှည်သွားတာနဲ့ ပို့စ်တစ်ခုအနေနဲ့ ကိုယ့်ဘလော့မှာပဲ တင်လိုက်ပါတယ်။ လာဖတ်ဖို့လည်း ဖိတ်ခေါ်ပါရစေ။ ငွန်ငယ်မိုးကိုလည်း အားနာပါတယ်။
http://mahnkoko.blogspot.com/2010/06/un.html

4/6/10 7:51 PM
Anonymous said...

ကျွန်တော်သိသလောက်က တိုင်း၇င်းသားတွေရဲ့ ၅ပုံ၎ က .UN ရဖို့ ၁၀၀ရာနှူန်းလောက်ဆိုရင်
ကျွန်တော်တို့လိုမြန်မာလူမျိုးတွေက ၃၀ ရာခိုင်နှုန်းတောင်မသေချာဘူး....ဘာလို့လဲဗျာ
BRO ဆိုတာလဲ..မမိုက်ပါဘူးmember ကဒ်လုပ်ရင်
၅၀၀ရင်းဂစ်တဲ့..တခြားအဖွဲ့တွေကမှ..အလွန်ဆုံး၂၀၀
၇င်းဂစ်ဘဲ...

19/10/10 9:29 PM