5/01/2010

ကိုအေးလွင် ညီ ရဲထွန်းတို့အဖွဲ့  ၎င်းတို့၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်

Freedoom News Group | မင်းကိုနိုင် ၊ ကိုကိုကြီး တို့ ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့ နာမည်အား ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှစ၍ တုပထားခဲ့သည့် ကိုအေးလွင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)ဆိုသည့် အဖွဲ့သည် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံ နှင့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ အလံ တို့ကို ဆင်တူ ယိုးမှာ ပြုလုပ်၍ မှတ်ပုံတင်ရန် စီစဉ် နေသည်ကို ကန့်ကွက် နိုင်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

Freedom News Group သည် ကိုအေးလွင် တို့ အဖွဲ့ ၏ တံဆိပ် နှင့် အလံများ ဆင်တူယိုးမှားပြုခြင်း နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ လိုလားသူများ နှင့် ဆက်သွယ် မေးမြန်း နေပါသည်။ (မကြာခင် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်)
ကိုအေးလွင် ၏ ညီ ကိုရဲထွန်းတို့ အဖွဲ့၏ ထိုဆင်တူယိုးမှား လုပ်ရပ်ကို သင် ကန့်ကွက်မည် ဆိုပါက သင်၏ ထင်မြင်ချက် ကို စာကြောင်းရေ ငါးကြောင်း ထက် မပိုပဲ freedomnewsgroup@gmail.com သို့ ပို့ပေးပါ။ ပေးပို့သူ၏ နာမည်ရင်း လိုအပ်ပါသည်။

source by : Freedoom News Group

0 ယောက်ရဲ့ထင်မြင်ချက်: