5/25/2010

မင်္ဂလာဈေးမီး တောက်အားပြန်ကောင်း


မဇ္ဈိမ | မင်္ဂလာဈေး မီးလောင်မှုသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲအထိ ဆက်လက် တောက်လောင်နေဆဲ ဖြစ်သည်ဟု နောက်ဆုံး သတင်းရရှိသည်။

အမိုး အစိတ်ပိုင်းအချို့ ပွင့်ထွက်သွားပြီး စတုတ္တထပ်မှ မီးတောက်ကို ပြန်လည်မြင်နေရကြောင်း အခင်းဖြစ်ပွားရာကို ရောက်ရှိနေသော မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။

မီးသတ်ကား ၆၅ စီးဖြင့် ငြိမ်းသတ်နေပြီး ရန်ကုန်မှ မိုင် ၅၀ ကွာဝေးသော ပဲခူးမြို့မှပင် မီးသတ်ကားများ လာရောက်သည်ကို တွေ့ရသည်။

ဒဏ်ရာရ မီးသတ်တပ်ဖွဲ့ဝင်များ တိုးလာနေပြီး ၂၀ ကျော်ရှိသည်ဟု မီးသတ်သမားတဦးက ပြောသည်။

စတုတ္ထထပ်အပေါ်ရှိ skyhall မှ စားသောက်ဆိုင်အချို့၏ ဂတ်စ်အိုးများ ပေါက်ကွဲလောင်ကျွမ်းခြင်းကြောင့် မီးပြန်လည် တောက်အားကောင်းလာပြီး ဂက်စ်အိုးများ ၊ ဘီယာစည်များ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

source by :မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: