မိုး....ရွာလေပြီးတဲ့
ညကဝင်ရောက်လာတဲ့ မေးထဲက သတင်းက စွယ်စုံအနုပညာရှင် ဦးသုမောင် ကွယ်လွန်သွားတယ်ဆိုတဲ့ ဝမ်းနည်းစရာ သတင်း ဖြစ်ပါတယ်။ ယနေ့ နေ့လည် မေးထဲကို ဝင်ရောက်လာတဲ့ သတင်းကောင်းတခု ကတော့ ရန်ကုန်မှာ ဒီမနက် မိုးစတင် ရွာပြီးလို့ သိရပါတယ်။ မြန်မာပြည်မှာ ရှိကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆွေမျိုးတွေ နဲ့ မြန်မာပြည်တဝှမ်းက ရေရှားပြီး မိုးမျှော်နေတဲ့ ပြည်သူတွေ အတွက် တကယ်ကို ဝမ်းသာစရာ သတင်းတစ်ခု ပါပဲဗျာ။အားလုံး မျှော်လင်နေကြတဲ့ မိုး ခုစ၍ ရွာပြီးလို့ သတင်းရရှိပါတယ်။ နေ့စဉ်နဲ့အမျှ မိတ်ဆွေ သူငယ်ချင်းတွေ ပို့နေတဲ့မေးထဲမှာ အပူရှိန်ဘယ်လောက်ပျင်းကြောင်း ၊ မိုးမရွာတဲ့အတွက် နယ်တွေ မှာ ရေတွင်းရေကန် ချောင်းမြောင်းတွေ အကုန်ခမ်းခြောက်လို့ သောက်သုံးရေ အခက်အခဲ ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းတွေ ကိုပဲတွေ နေရာကနေ ဒီနေ့တော့ ဝမ်းသာစရာသတင်းထူးက “မိုး” ရန်ကုန်မှာ စတင်ရွာပြီးဆိုတဲ့ ဝမ်းသာစရာသတင်းထူးပဲ ဖြစ်ပါတယ်။ ခုလိုဝမ်းသာစရာ သတင်းထူး ကိုမိတ်ဆွေ အားလုံးသိရှိပြီး ထပ်ဆင့် ဝမ်းသာကြရအောင် ပြန်လည် အသိပေး မျှဝေလိုက်ပါတယ်ဗျာ။
မြန်မာပြည်သူပြည်သားများ အေးချမ်းသာယာ၍ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးရင်း
မြန်မာပြည်သူပြည်သားများ အေးချမ်းသာယာ၍ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးရင်း
imag;google
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment