4/26/2010

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့

ပြည်တွင်း လူမှုရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖြစ် မဲအများဆုံး ရွေးချယ်ခံရသူ ဆန်ကာတင် ၅ဦးထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ပြည်သူ့ဂုဏ်ရည်ဆုရှင် ချီးမြှင့်ခံရတဲ့အတွက် www.humanright-myanmar.com မှ လေးစားဂုဏ်ယူပါသည်။

ဦးကျော်သူအား ဆက်လတ်အားပေးသွားကြမည်ဖြစ်ပါသည်။
ပြည်သူများရဲ့အားပေးမှုကို facebook မှာ အခုလို တုံ့ပြန်ပေးထားပါတယ်။ အားပေးမှုများသည်.. ကျွန်တော့်အတွက်အားဆေးများ သောက်ရသလိုခံစားရပါတယ်။ ရှေ့ဆက်ပြီးပြည်သူ့ အတွက်ပေးဆပ်သွားရန် အသင့်ပါ။ ကျွန်တော်ရဲ့  လိပ်စာက..(၇)မိုင်၊ ပြည်သူ့ လမ်း.. ဒါကြောင့်..(၇)ရက်သားသမီးပြည်သူလူထု ကိုပေးဆပ်မည့် ..ကျော်သူ.. ဆိုတဲ့လူသားတစ်ယောက်သာ ထာဝရဖြစ်နေတော့မည်။
နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများအနေဖြင့် အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါနိုင်ပါသည်။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

0 ယောက်ရဲ့ထင်မြင်ချက်: