3/01/2010

စစ်တပ် ဂျစ်ကားမှ ခရီးသည်တင် ယာဉ်အား အနိုင်ကျင့် စော်ကား

မနေ့ည (၇)နာရီခွဲ အချိန်က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်သို့ ပြေးဆွဲနေသော ခရီးသည်တင်ကား တစ်စီးအား နအဖ လက်ပါးစေ စစ်ကား တစ်စီးမှ အနိုင်ကျင့်စော်ကားမှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်ပွားမှုမှာ အဆိုပါ ခရီးသည်တင် ယာဉ်နှင့် စစ်ရောင် ဂျစ်ကား တစ်စီးတို့ဟာ လမ်းဆုံ တစ်နေရာမှာ ဆုံတွေ့ကြပါတယ်။ ခရီးသည်တင် ယာဉ်မှာ လမ်းကြောင်း အမှန်အတိုင်း ရှေ့တည့်တည့်သို့ သွားရန် အတွက် ဦးတည် မောင်းနှင်စဉ်မှာ စစ်ရောင် ဂျစ်ကားဟာ ကွေ့ဖို့ အတွက် စောင့်ဆိုင်းနေရမည့် အစား ခရီးသည်တင် ယာဉ်ရှေ့ကို ပိတ်ရပ် လိုက်ပါပြီး သူတို့ စစ်ရောင်ဂျစ်ကား (ကားနံပါတ် - ☆/၃၃၇၃ (စ) ဂျစ်ကား) ကို လမ်းမပေးရ ကောင်းလား ဆိုပြီး ဂျစ်ကားပေါ်ပါတဲ့ စစ်သား တစ်ဦးကနေ အော်ဆဲ ပါတော့တယ်။ ဒီအပြင် စစ်ယူနီဖောင်း ၀တ်ထားတဲ့ တပ်သား အဆင့်သာ ရှိတဲ့သူက ဂျစ်ကားပေါ်ကနေ ဆင်းလာပြီး ခရီးသည်တင် ယာဉ်မောင်းကို ထိုးကြိတ် ပါတယ်။

ဒီမြင်ကွင်းကို အထင်သား မြင်တွေ့ ကြရတဲ့ ခရီးသည်တင် ယာဉ်ပေါ်က ခရီးသည်တွေဟာ ဒီလို မတရားအနိုင်ကျင့်တဲ့ ဂျစ်ကားပေါ်က စစ်သားတွေကို မကျေမနပ် ဖြစ်ကြပါတယ်။ စစ်ရောင် ဂျစ်ကားပေါ်က မူးရူး နေကြတဲ့ စစ်သားတွေဟာ ပြည်သူ အပေါ် ဒီိလို လက်လွတ် စပယ် အနိုင်ကျင့်ကြတာဟာ နအဖတွေ ပြောပြော နေတဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဖူး ဆိုတာနဲ့  လားလားကြီး ဆန့်ကျင် နေပြီး ဥပဒေ အထက်မှာ နအဖက အထက်၊ ပြည်သူက အောက် ဖြစ်နေပါလား။

ပြည်သူ အပေါင်းတို့ ခင်ဗျား .. ဒီလို မတရားမှုတွေကို ခေါင်းငုံ့ ခံနေရင် ပိုအနိုင်ကျင့် ခံရမှာပါ။ ပြည်သူ့ အားနဲ့ တက်ညီ လက်ညီ ၀ိုင်းဆန့် ကျင်တုန့်ပြန်ရင် ပြည်သူ့ အားကို မခံနိုင်ပါဖူး။ အနိုင်ကျင့်သူတွေ ထုံးစံ အတိုင်း အနိုင်ကျင့်လို့ ရလို့သာ အနိုင်ကျင့်တာပါ။

ပြည်သူ လူထုကို ကာကွယ် စောင့်ရှောက်မယ့် တပ်မတော်သား ဆိုတာ ပြည်သူကို မတရား အနိုင်ကျင့်တဲ့ ဒီလို ဂျစ်ကားပေါ်က စစ်သားတွေ ပါလားဆိုတာ မေးကြည့်ချင် ပါတယ်။

source by : ကိုနစ်နေမန်း

0 ယောက်ရဲ့ထင်မြင်ချက်: