3/09/2010

ပြည်ပမှ တိုက်ခိုက်ခံရ၍ ရတနာပုံ တယ်လီပို့ အင်တာနက် ဆက်ကြောင်းလိုင်း ပြတ်တောက် ခဲ့ဟုဆို

တိုက်ခိုက် ခံရသည့် ရတနာပုံ တယ်လီပို့

ရတနာပုံတယ်လီပို့အား နိုင်ငံပြင်ပ မှအင်တာနက်သုံးစွဲသူ IP User အတုသန်းနှင့်ချီ ၀င်ရောက် တိုက်ခိုက် ခြင်းကြောင့် ဖေဖော်ဝါရီ တစ်လလုံး အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည် ဟု ယနေ့ ထုတ် ပန်းသတင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀နာရီခွဲကနေ IP User အတုသန်းနှင့်ချီလွှတ်လိုက်တာ။အနည်းဆုံး ၁၀၀ မဂ္ဂါဗိုက်လောက် ရှိတယ်။ ထိုသတင်းတွင် ဖေဖော်ဝါရီ တစ်လလုံးမှာ အင်တာနက် ဆက်သွယ်မှု ပြတ်တောက်ကုန်တာက DDOS (Distribute Denial of Service) ကနေ IP User အတုတွေ လွှတ်လိုက်တယ်။ အင်တာနက် သုံးတဲ့သူတွေက သုံးပြီဆိုရင် Request တင်ကြတယ်။အဲဒီမှာ IP User အတုတွေရဲ့ Request တွေ သန်းနှင့်ချီ လွှတ်လိုက်ပြီး Server Down သွားအောင် လုပ်လိုက်တာ။ နည်းပညာအရ ပိုင်ရှင် မသိဘဲ Sever နှစ်ခုကို ထိန်းချုပ်ပြီး ပြည်ပကနေ လှမ်းပြီးတော့ လုပ်လိုက်တာ။ အင်တာနက် သုံးစွဲသူ တွေများတော့ Server ကျပ်သွားပြီး ကျသွားတဲ့ သဘောပဲ။ နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းကြီး ကတော့ မပျက်စီးဘူး။ ဒီကိစ္စကြောင့် ဖြစ်သွားတာ။ ဒီနေ့ အထိ IP User အတုတွေ လွှတ်နေတုန်းဘဲ။ အခုဆို မတ် ၁ရက်က DDOS Filter တစ်လုံးတပ်လိုက်ပြီးမို့လို့ Filter ကနေ အင်တာနက် အမှန်တကယ် သုံးစွဲသူနဲ့ အတုကို ခွဲပြီး စစ်ထုတ် ပေးလိုက်လို့ အင်တာနက် ကောင်းကောင်း သုံးစွဲနိုင်ပါပြီ” ဟု ယင်းကပြောသည်။

အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ရတနာပုံ တယ်လီပို့ အနေဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်တွင်း အိုင်တီ ကုမ္ပဏီများ၊ ပြည်ပ အိုင်တီ ကုမ္ပဏီများ အတူ ပူးပေါင်း အဖြေရှာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒါမျိုးက နိုင်ငံတကာမှာ ရှိတယ်။ အထူးသဖြင့် အင်တာနက် ဂိမ်းကစားတဲ့ သူတွေကို တိုက်ခိုက်တာ။ IP User အတုတွေ လွှတ်ပြီး အင်တာနက် ဂိမ်းထဲဝင်လို့ မရအောင် DDOS ကိုငွေပေးပြီး လုပ်ခိုင်းတာတွေ ရှိတယ်။ သူတို့က နည်းပညာ ကျွမ်းကျင်လို့ လုပ်ကြတာ။ သူက အနည်းဆုံး ၁၀၀ မဂ္ဂါဗိုက် လောက်ရှိတဲ့ Attacker သုံးဦးက တိုက်ရင် ၃၀၀မဂ္ဂါဗိုက်လောက် ဖြစ်သွားတော့ ကျပ်ကုန်ပြီး သုံးမရ ဖြစ်တဲ့ သဘောပဲ။ Server တွေကို အင်တာနက်ကနေ ပိုင်ရှင် မသိအောင် လှမ်းထိန်းချုပ်ပြီး နည်းပညာနဲ့ လုပ်ကြတာ”ဟုကွန်ပျူတာ ပညာရှင် တစ်ဦးက ပြောသည်။

ယင်းဖြစ်ရပ်ကြောင့် ရတနာပုံ တယ်လီပို့၏ အင်တာနက် သုံးစွဲသူများတွင် ထိခိုက်ခဲ့ပြီး အထူးသဖြင့် လေကြောင်းလိုင်းများတွင် E-Ticket လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် အများဆုံးထိခိုက်ခဲ့သည်။ ယင်းကဲ့သို့ အချိန်တစ်လ ၀န်းကျင် တိုက်ခိုက် ခံခဲ့ရခြင်းကြောင့် သုံးစွဲသူနှင့် အင်တာနက်ဆိုင်များ အခက်အခဲဖြစ်ခဲ့ပြီး မတ် ၁ ရက်မှစ၍ လိုင်းပုံမှန်ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း မာတီပွိုင့် အင်တာနက်ဆိုင်မှ သိရသည်။ “ကျွန်တော်တို့ ကြားတာက Server ထိသွားတယ်ပြောတာပဲ။ အခုရက်ပိုင်းမှ လိုင်း ပြန်ကောင်း လာတယ်။ ပြီးခဲ့တဲ့လက တော်တော် လိုင်းကျပ်တယ်။ ကွန်နက်ရှင် ကျနေပြီးသုံးရတာ အဆင်မပြေခဲ့ဘူး” ဟု ဆိုင်တာဝန်ခံ တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၀ခုနှစ် မတ်လ ၉ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

source by : Freedom News Group

0 ယောက်ရဲ့ထင်မြင်ချက်: