10/09/2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန်များ တွေ့ဆုံ

NEJ | နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် အနောက်နိုင်ငံမှ သံတမန်များ တွေ့ဆုံ ဆွေးရန် နအဖစစ် အစိုးရက ယနေ့ ခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့ တားမြစ်မှု ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျ သံရုံးတို့မှ သံတမန် အကြီးအကဲ တို့နှင့် အစိုးရ ဧည့်ရိပ်သာတွင် တွေ့ဆုံ ဆွေးနွေးကြောင်း အစိုးရ အရာရှိများကို ကိုးကား၍ နိုင်ငံခြား သတင်း ဧဂျင်စီများက ဖော်ပြသည်။

အန်အယ်လ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ယခုလ (၇) ရက်နေ့နှင့် (၃) ရက်နေ့ တို့တွင်လည်း စိမ်းလဲ့ ကန်သာ ဧည့်ရိပ်သာတွင် တွေ့ဆုံ ခဲ့သည်။

တွေ့ဆုံသည့် အကြောင်းအရာ အသေးစိတ်ကို သတင်း ထုတ်ပြန် ပြောဆိုခြင်း မရှိသေးသော်လည်း စက်တင်ဘာ (၂၅) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အရေးယူ ပိတ်ဆို့ တားမြစ်မှုများ ရုပ်သိမ်း ပယ်ဖျက်ရေး ကိစ္စနှင့်ပတ်သက်ပြီး စာပို့ခဲ့သည့်ကိစ္စနှင့်ပတ်သက်သည်ဟု ထင်မြင်ကြောင်း အန်အယ်လ်ဒီမှ ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: