10/18/2009

စစ်တပ်နွားသတ်ရုံအနီး ခိုင်းနွားတွေပျောက်ဆုံးနေ



RFA ၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးမှာရှိတဲ့ ပဲခူးတိုင်း ဝမ်းဘဲအင်းဒေသက ကျေးရွာတချို့မှာ လွန်ခဲ့တဲ့ နှစ်လ လောက်ကစလို့ လယ်ယာသုံး ခိုင်းနွား ပျောက်ဆုံးမှုတွေ သိသိသာသာ တိုးလာတယ်လို့ ဒေသခံ လယ်သမား တွေက ပြောပါတယ်၊၊ လယ်သမားတွေရဲ့ ခြေရာခံစုံစမ်းမှုတွေအရ နယ်မြေခံ စစ်တပ်ဝင်းထဲကို နွားတွေ ဝင်ရောက်သွားပြီး ပြန်ထွက်မလာတော့တာ ဖြစ်တယ်လို့ သိရပါတယ်၊၊

ဒါ့ပြင် စစ်တပ်ဝင်းထဲမှာ နွားသတ်ရုံ ထောင်ထားပြီး ပျောက်ဆုံးသွားတဲ့ နွားတွေကို စစ်တပ်လိုင်စင် ယူထားတဲ့သူတွေက အမဲသားပေါ်ပြီး ရောင်းစားနေတာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်၊၊



နယ်မြေခံတပ်ရင်းဖြစ်တဲ့ တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၇) စစ်တပ်ဝင်းထဲ နွားတွေ ဝင်ရောက် သွားပြီးနောက် ခြေရာခံမရတော့ဘဲ ခုလို ပျောက်ဆုံးနေတာဖြစ်တယ်လို့ လယ်သမားတယောက်က ပြောပြပါတယ်၊၊

လယ်သမားတွေဟာ စစ်တပ်ဝင်းထဲ ဝင်ရောက်ရှာဖွေခွင့်မရှိတာကြောင့် နွားပျောက်ဆုံးနေမှုတွေကို သက်ဆိုင်ရာ ရပ်ကွက်ကောင်စီနဲ့ ရဲစခန်းတွေကို တိုင်ကြားထားပေမယ့် ခုထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့ သိရပါတယ်၊၊

လယ်ယာသုံး ခိုင်းနွားတွေ ခုလို ပျောက်ဆုံးမှု တိုးများလာတဲ့အတွက် ထွန်ယက်စိုက်ပျိုးရေးအတွက် အခက်ကြုံနေရတယ်လို့ လယ်သမားတွေက ပြောကြပါတယ်၊၊ လွန်ခဲ့တဲ့ နှစ်လအတွင်း ဝမ်းဘဲအင်း ဒေသတဝိုက်မှာ ပျောက်ဆုံးသွားတဲ့ နွားကောင်ရေ ၃ဝ နဲ့ ၄ဝ ကြား ရှိတယ်လို့ သိရပါတယ်၊၊ နွားခိုးယူပြီး စစ်တပ်တွင်းက သားသတ်ရုံမှာ သွားရောင်းချတာတွေလည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်၊၊

နွားနှစ်ကောင် ပျောက်ဆုံးသွားတဲ့ ဒေသခံလယ်သမား တယောက်ကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်၊၊

ဆက်သွယ်မေးမြန်းချက်။


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: