ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပို ညှိနှိုင်းဆောင်ရွက်ဖို့ ကုလ ကိုယ်စားလှယ်များ တိုက်တွန်း
VOA ၊သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ အချိန်အတွင်းမှာ
ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေကြား ပိုပြီး ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေက ဆော်သြလိုက်ကြပါတယ်။ဒီလို ဆောင်သြချက်ကို ဟန်ဂေရီ နိုင်ငံ ဘူဒါပက်စ်မြို့ မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရှာဖွေ ကယ်ဆယ်ရေး နိုင်ငံတကာ အကြံပေးအဖွဲ့ ရဲ့ ညီလာခံမှာ စနေနေ့က ထုတ်ပြန်ခဲ့ကြတာပါ။
လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂ ဦးဆောင်လုပ်နေတဲ့ အလုပ်တွေကြားမှာ ပြိုင်ဆိုင်လာတာတွေ ရှိလာတာကြောင့် ကိုယ်စားလှယ်တော်တော်များများ က စိုးရိမ်လာကြပါတယ်လို့ အာဖရိက၊ ဥရောပ နဲ့ အရှေ့အလယ်ပိုင်း ကိုယ်စားလှယ်တွေ က ပြောကြပါတယ်။
အာဏာရှင် အစိုးရတွေဟာ ပြင်ပ အကူအညီကို ငြင်းဆန်လာတဲ့အတွက် သူ့အနေနဲ့ အထူး စိုးရိမ်မိကြောင်း နောက်တက်လာမယ့် ဥက္ကဌ အသစ် မိုဟာမက် အေ ဂျေ အယ် အင်န်ဆာရီ (Mohamed A J Al Ansari) က ပြောပါတယ်။ သူက မြန်မာနိုင်ငံကို ဥပမာ အဖြစ် ပေးသွားပြီး၊ လူပေါင်း ၁၃၈,၀၀၀ အနည်းဆုံး သေဆုံးသွားခဲ့ရတာကို ထောက်ပြသွားခဲ့ပါတယ်။
source by :VOA
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment