ဗမာစာဖြင့် ရှာနိုင်မည့် ရှာဖွေရေး ဝဘ်ဆိုဒ်တခု ပေါ်ထွက်
မေကျော်
ဂူဂဲလ်ရှာဖွေရေးအင်ဂျင် Google Search Engine ကဲ့သို့ ရှာဖွေရေးအင်ဂျင်တခုဖြစ်ပြီး ဗမာလိုရေးထားသော အင်တာနက်ဆိုဒ်များကို ရှာဖွေပေးနိုင်မည့် ဝဘ်ဆိုဒ်တခု ပေါ်ထွက်လာသည်။
ပြည်တွင်းအခြေစိုက် Myanmar’s Net အိုင်စီတီ ကုမ္ပဏီ က ဇူလိုင် ၂၉ ရက်နေ့က တည်ဆောက်လိုက်သည့် Myanmar-myanmar.com သည် ဗမာစာဖြင့် ရိုက်၍ ရှာဖွေနိုင်သည်။
“ဗမာလိုရှာရတဲ့ တခြား search engine တွေနဲ့စာရင် မြန်မာနဲ့ ဆိုင်တဲ့ ဒေတာတွေ ရှာရတာ ဒီမှာ ပိုလွယ်သွားတယ်။ မြန်မာနဲ့ ပတ်သက်တဲ့ ဝဘ်ဆိုဒ်တွေ အကုန်ထည့်ပါတယ်။ ဒါပေမယ့် မြန်မာ ပြည်တွင်းဥပဒေနဲ့ ငြိနိုင်တဲ့ ဝက်ဘ်ဆိုက်မျိုးတော့ မထည့်ထားပါဘူး” ဟု Myanmar’s Net၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ထွဍ်က မဇ္ဈိမကို ပြောသည်။
ဝဘ်ဆိုဒ်ပေါင်း ၁၈ဝဝ ကျော်ကို ကဏ္ဍ ၄ဝ ခွဲပြီးတင်ထားပြီး ဝင်ရောက် ကြည့်ရှုသူများက နှစ်သက်ရာ ဝဘ်ဆိုဒ်များကို ထပ်ပေါင်းထည့်နိုင်သည်ဟု ဆိုသည်။
ယင်းအပြင် ယခု ဝဘ်ဆိုဒ်တွင် ဇော်ဂျီနှင့် Myanmar3 ဖောင့် ၂ မျိုးသုံးနိုင်ပြီး နောက်ပိုင်းတွင် ကွန်ပျူတာ အသင်းချုပ်က ဆောင်ရွက်နေသည့် အင်္ဂလိပ်မှ မြန်မာ ဘာသာပြန် ဆော့ဖ်ဝဲ ပြီးစီးပါက မြန်မာဘာသာဖြင့် ရှာဖွေသည့် စာမျက်နှာတိုင်းကို ဘာသာပြန်ဖော်ပြပေးသွား မည်ဟု သိရသည်။
“ဝဘ်ဆိုဒ် အနေနဲ့ကတော့ ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။ ဒါကို ဆက်ပြီး ကြီးထွားလာအောင် တိုးတက်လာအောင် လုပ်မလုပ်ဘဲ စိတ်ဝင်စားဖို့ ကောင်းတာပါ” ဟု ပြည်တွင်း အိုင်တီ ပညာရှင် တဦးက သုံးသပ်သည်။

source by :မဇ္ဈိမ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment