7/30/2009

ကော့သောင်းနယ်စပ် ညအချိန် ကူးဖြတ်မှု ပိတ်ပင်

ဖိုးဇော် | ချင်းမိုင် (မဇ္ဈိမ)။ ။ ကော့သောင်းရှိ နယ်စပ် ရွာလေးရွာတွင် ညအချိန် နယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ဘက်သို့ ကူးသန်းသွားလာမှု့ ပိတ်ပင်လိုက်သည်။

ဖော့တုတ်၊ မာဒမ်း၊ ခမောက်ကြီး၊ အေးချမ်းသာရွာများတွင် ညနေ ၆ နာရီနောက်ပိုင်း ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကူးခွင့်မရှိဟု တင်္နသာရီတိုင်း ကော့သောင်းခရိုင်မှုးက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအရ အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ရနှောင်းသို့ ကူးလိုပါက ကျေးရွာအာဏာပိုင် ထောက်ခံစာ လိုသည်။

ဒေသခံများမှာ နယ်စပ်မြစ် ပါရှန် ကို ဖြတ်၍ တဖက်နိုင်ငံ ထိုင်းနယ်စပ်မြို့ ရနောင်းသို့ ကူးသန်းသွားလာမှု ပြုလေ့ရှိသည်။

ထိုင်းနိုင်ငံဘက် သယ်ဆောင်သွားသည့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ဆိုင်ကယ်တစီးကို ဇူလိုင် ၂၅ ရက်နေ့က ထိုင်းလုံခြုံရေးက သိမ်းယူခဲ့မှု ဖြစ်ပွားပြီးနောက် ညအချိန် ခရီးသွားလာခွင့် ပိတ်ပင်မှု ဖြစ်လာခဲ့သည်။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: