ရဲဖက်ထောက်လှမ်းရေးများ ဆိုင်ကယ်စီးခွင့် အပိတ်ခံထားရ
မိုးမခ | ရန်ကုန်မြို့တွင်း ၂၀၀၁ ကတည်းက မော်တော် ဆိုင်ကယ် စီးခွင့်ကို စစ်အုပ်စုက ပိတ်ပင်ခဲ့ပြီးတဲ့နောက်ပိုင်း အစိုးရ ၀န်ထမ်းတွေသာ အထူး ခွင့်ပြုချက်နဲ့ စီးနင်းခွင့် ရနေရာက ယခု မော်တော် ဆိုင်ကယ် စီးနင်းခွင့်ကို ပိတ်ပင်မှုတွေ လုပ်နေပြန်ပါတယ်။ မြန်မာစစ်နဲ့ ရဲထောက်လှမ်းရေးများက မော်တော် ဆိုင်ကယ် တ၀ီးဝီးနဲ့ အတိုက်အခံ ပါတီ ၀င်တွေနောက်၊ နိုင်ငံရေးလှုပ်ရှားသူ လူငယ်တွေ၊ မိသားစုတွေ နောက်က လိုက်လံ နှောက်ယှက်နေတာတွေ၊ သူတို့တွေ အုပ်စုဖွဲ့ သွားလာ နေတာတွေကြောင့် အနှောက်အယှက်ဖြစ်ရတာမျိုး အခုတလောမှာ လျော့ကျသွားတယ်လို့ မျက်မြင်တချို့က ပြောလာပါတယ်။ ဒီအမိန့်ကို စစ်အုပ်စု ထိပ်သီး တွေထဲက တဦးက ထုတ်ပြန် လိုက်တာ ဖြစ်တယ်၊ ရဲဖက် ထောက်လှမ်းရေးတွေ အတွင်းမှာ သာမက အခြား ၀န်ထမ်း ဌာနတွင်းမှာ စုံစမ်း စစ်ဆေးတာတွေ ဖြစ်နေတယ်လို့ သူက ပြောပြပါတယ်။
“ဥပမာဗျာ … အင်န်အယ်ဒီ ပါတီ ခေါင်းဆောင် ဦးဝင်းတင် နောက်ကို သူတို့က ဆိုင်ကယ်တွေနဲ့ နောက်ယောင်ခံကော၊ ဗြောင်ကော လိုက်ကြတယ်။ ဆရာက တခါတလေ လမ်း ၃၊ ၄ ဘလောက်ကို ခြေလျင် လျှောက်ချင် လျှောက်သွားတာ။ အဖော် ပါပါ မပါပါ။ အဲသည်လိုဆိုရင် အဲဒီ ဆိုင်ကယ်ကောင်တွေ ဒုက္ခရောက်တော့ တာပဲ။ နောက်ကနေ ဆိုက်ကယ်ကြီးကို တောက်လျောက် တွန်းပြီး လိုက်နေရတာကိုး” ဟု ၎င်းက ပြောပြသွားသည်။
(၂၀၀၇ စက်တင်ဘာ သံဃာ အရေးတော်ပုံ၊ ရန်ကုန်၊ ရွှေတိဂုံဘုရား အနီး ဆန္ဒပြသူတို့ မီးရှို့ထားသော ထောက်လှမ်းရေး ဆိုင်ကယ် တစီးပုံ၊ ဓာတ်ပုံ - မိုးမခ)
source by : မိုးမခ
(၂၀၀၇ စက်တင်ဘာ သံဃာ အရေးတော်ပုံ၊ ရန်ကုန်၊ ရွှေတိဂုံဘုရား အနီး ဆန္ဒပြသူတို့ မီးရှို့ထားသော ထောက်လှမ်းရေး ဆိုင်ကယ် တစီးပုံ၊ ဓာတ်ပုံ - မိုးမခ)
source by : မိုးမခ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment