ပိတ်ပင်ခံရသော ဆေး ၆ မျိုး ထပ်တိုးလာ
မဇ္ဈိမ (ချင်းမိုင်)။ ။ နောက်ထပ် တိုင်းရင်းဆေး ၆ မျိုးသည် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ရာ စုစုပေါင်း ဆေး ၂၂ မျိုး ပိတ်ပင်ခြင်းခံလိုက်ရပြီဖြစ်သည်။
‘အထူးသကြားရေစဉ်’၊ ‘သက်တော်စောင့်ရုပ်ရွှင်ဆေး’၊ ‘နွေ-မိုး-ဆောင်း ချောင်းဆိုး ပန်းနာ ရင်ကျပ်ပျောက်ဆေး’၊ ‘ဆေးနက်ကျော် လေပုပ်ထုတ်ဆေး’၊ ‘မပုအမှတ်တံဆိပ် ဓာတ်ပြာမွှေး သွားတိုက်ဆေး’၊ ‘ဥဒ္ဓဝါတသုခ သွေးလေကျဆေးကြီး’ တို့ သည် ကျန်းမာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် ပိတ်ပင်ရခြင်းဖြစ်သည်ဟု အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာက ယနေ့ရေးသားထားသည်။
ဆေးများကို ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ရှမ်းပြည် တောင်ပိုင်း ပင်းတယမြို့၊ ရန်ကုန်တိုင်း တောင်ဥက္ကလာ၊ ရှမ်းပြည်နယ် အင်းလေး တို့တွင် ထုတ်လုပ်၍ ဖြန့်ချိနေသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးက “မှတ်ပုံတင် တင်ထားခြင်းမရှိသဖြင့်” တားမြစ်ရခြင်းဖြစ်ကြောင်း ပြောသည်။
ယခုနှစ် မေလအတွင်းကလည်း မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေး (၁၆) မျိုးကို သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သေးသည်။
source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment