ရန်ကုန် ကားဝပ်ရှော့များ မြို့ပြင်ပြောင်းခိုင်း
ဟိန်းဇော် | ရန်ကုန်မြို့တွင်းရှိ ကားဘော်ဒီရုံများနှင့် ကားဝပ်ရှော့ လုပ်ငန်းများကို ဇူလိုင် ၂၀ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ ပြင်သို့ ရွှေ့ပြောင်း ခိုင်းစေမှုကြောင့် လုပ်ငန်းရှင်များနှင့် ကားပြင်ဆင် လိုသူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ထိုသို့ စီစဉ်ခြင်းမှာ လုပ်ငန်းများ တစ်စု တစ်စုတည်း ဖြစ်သွားစေရန်နှင့် ဆင်ခြေဖုံး ရပ်ကွက်များတွင် ကားဘော်ဒီရုံ များ ၏ အသံဆူညံမှု တို့သည် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေခြင်း၊ မြို့တော် အင်္ဂါရပ်နှင့် ကိုက်ညီမှု မရှိ ခြင်းတို့ကြောင့် ဖြစ်ကြောင်း အလုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ယင်းလုပ်ငန်းများ ရန်ကုန်မြို့ပြင်ရှိ ရွာသာကြီးသို့ပြောင်းရွှေ့ဖယ်ရှားခြင်းကို အလုံမြို့နယ်တွင် စတင် ဆောင် ရွက်ခြင်း ဖြစ်ပြီး ထို့နောက် ဒေါပုံ၊ သာကေတ၊ ရန်ကင်း၊ လှိုင်၊ မရမ်းကုန်း စသောမြို့နယ်များတွင် ပြောင်းရွှေ့ရန် အစီအစဉ်များရှိကြောင်း ၎င်းကဆိုသည်။
![]() ရန်ကုန်မြို့တွင်းရှိ ကားဝပ်ရှော့ တခု (ဓာတ်ပုံ - flickr.com/clkr) |
ယင်းလုပ်ငန်းများ ရန်ကုန်မြို့ပြင်ရှိ ရွာသာကြီးသို့ပြောင်းရွှေ့ဖယ်ရှားခြင်းကို အလုံမြို့နယ်တွင် စတင် ဆောင် ရွက်ခြင်း ဖြစ်ပြီး ထို့နောက် ဒေါပုံ၊ သာကေတ၊ ရန်ကင်း၊ လှိုင်၊ မရမ်းကုန်း စသောမြို့နယ်များတွင် ပြောင်းရွှေ့ရန် အစီအစဉ်များရှိကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ အခု ရုံပိတ် လိုက်ရတယ်။ ရွာသားကြီးမှာ နေရာပေးမယ် ပြောတယ်။ မြို့ထဲနဲ့ ဝေးတော့ အဆင် မပြေ နိုင်ဘူး။ ဆိုင်ခန်းခလည်း ပြန်သွင်း ရမယ်ဆိုတော့ မလွယ်ဘူး”ဟု အလုံမြို့ နယ်တွင် ခြောက်နှစ် နီးပါး ကားဝပ်ရှော့ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး က ပြောသည်။
ယာဉ်မောင်း တစ်ဦးကလည်း“လမ်းပေါ်မှာ ကားသွားရင်းနဲ့ စက်တခုခု ချွတ်ယွင်း သွားလို့ ရှိရင် အခုဆို ဘယ်နေရာ ၀င်ပြင်ပြင် ရတယ်။ ဒီလိုမြို့ထဲ နဲ့ ဝေးတဲ့ နေရာမှာထားရင် အခက်အခဲ ဖြစ်သွားနိုင်တယ်။ လေထိုးကျွတ်ဖာဆိုင် တွေကိုပါ ပြောင်းခိုင်းမယ် ဆို ရင် ကားသမားတွေ အတွက်ကော လုပ်ငန်းရှင်တွေ အတွက်ပါ အဆင်မပြေနိုင် ဘူး”ဟု ပြောသည်။
ကားဝပ်ရှော့ လုပ်ငန်းကြီးများ ဖြစ်သော ကားအင်ဂျင် ပြုပြင်ခြင်း၊ ကားဘော်ဒီ ဆေးမှုတ်ခြင်း၊ စသည့် အချိန်ကြာ မြင့်စွာလုပ်ရသော လုပ်ငန်းများအတွက် လက်ရှိပြောင်းရွှေ့ရန် စီစဉ်နေသော ရွာသာကြီးရှိ ပေ ၄၀ × ၆၀ မြေ ကွက် ဆိုင်ခန်း နေရာ အကျယ်အ၀န်း များသည် အဆင်ပြေ နိုင်သော်လည်း လေထိုး၊ ကျွတ်ဖာ ကဲ့သို့သော လုပ်ငန်း အသေးစား လုပ် ကိုင်နေသူများမှာ ဆိုင်ခန်းစရိတ်၊ အလုပ်သမား စရိတ်၊ အထွေထွေ စရိတ်များ ကြောင့် ငွေကြေးအခက်အခဲ ရှိ ကြောင်း သာကေတမြို့ နယ်ရှိ ကားဘော်ဒီရုံလုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။
ယင်းသို့ ပြောင်းရွှေ့ခံရသောအလုံမြို့ နယ်မှ လုပ်ငန်းရှင်တစ်ဦးက ရွာသာကြီးတွင် လုပ်ငန်းပြောင်းဖွင့်ရန်အတွက် စည်ပင်က မြေတစ်ကွက် ကို ကျပ် သိန်း ၆၀ ဖြင့် ရောင်းချနေကြောင်း၊ စည်ပင် အနေဖြင့် ၎င်းတို့၏ဘတ်ဂျတ် ပြည့်မီ ရန် ယခုကဲ့သို့ ပေါက်ဈေးထက် မြင့်သော ဈေးဖြင့် ရောင်းချခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
ရန်ကုန် စည်ပင်သာယာရေးကော်မတီမှ စီစဉ်သည့်နေရာသို့ ပြောင်းရွှေ့ခြင်း မပြုသော ကားဘော်ဒီရုံနှင့် ဝပ်ရှော့ များကို လုပ်ငန်း လိုင်စင် ပိတ်သိမ်း အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒါ စည်ပင်တွေ သက်သက် ဖန်တီးတာပါ။ သိန်း ၆၀ ကို တစ်နှစ် အတွင်း ပေးရမယ်။ မပေးတဲ့ သူတွေကို မလုပ် ခိုင်းဘူးလို့ ကြားတယ်။ ကျနော်တို့လည်း ပြောင်းဖို့ စာကျလာပြီ။ လုပ်ကိုင် စားသောက်ရတာ သူတို့ကို ကြောက် နေရတယ်ဗျာ”ဟု သာကေတမြို့ နယ်မှ ကားပြင်ဝပ်ရှော့ ဆရာ တစ်ဦးကပြောသည်။
ရန်ကုန်မြို့ တွင်းမှ ကားဘော်ဒီရုံများ၊ ကားဝပ်ရှော့များ ကို ပြောင်းရွှေ့ ရန် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းက တစ်ကြိမ်၊ ဇွန်လ ဆန်းပိုင်းက ဒုတိယအကြိမ် အဖြစ် စည်ပင်ဝန်ထမ်းများမှ လိုက်လံပြောကြားခဲ့ ကြောင်း သိရသည်။
“အဲဒီလိုမြို့ ပြင်သာ ပြောင်းရမယ် ဆိုရင် လုပ်ငန်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကားပိုင်ရှင်တွေ ကားပျက်တာ ပဲ ဖြစ်ဖြစ်။ ကားတိုက်လို့ ဘော်ဒီပြင်တာပဲ ဖြစ်ဖြစ် မြို့ ပြင်ထွက်လာမှ ဖြစ်မယ်လေ။ လုပ်ငန်းရှင် တွေရော ကားပိုင် ရှင်တွေပါ အခက်အခဲ ရှိလာနိုင် ပါတယ်”ဟု သုဝဏ္ဏမြို့ မှ ကားပိုင်ရှင်တစ်ဦး က ဆိုသည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment