ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၁၇ ရုံးချိန်း
မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်တွင်း အထူး တရားရုံးတွင် သောကြာနေ့က ပြုလုပ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော တရားခွင်က နောက်ထပ် ရုံးချိန်းကို ဇူလိုင် ၁၇ ရက်နေ့သို့ သတ်မှတ်လိုက်သည်။
သူမကို ထောက်ခံသူ အများအပြား အင်းစိန်ထောင်ရှေ့သို့ သွားရောက် စောင့်ဆိုင်းနေခဲ့ကြပြီး လုံထိန်းရဲများနှင် လက်နက်ကိုင် စစ်သားများကလည်း အဆင်သင့်ရှိနေချိန် တရားခွင်ကို ပြုလုပ်ခဲ့သည်။
ခေတ္တခဏသာ ကြာမြင်သည့် တရားခွင်သို့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဒုတိယမြောက် သက်သေ ဒေါ်ခင်မိုးမိုးကို ရုံးထုတ်ခဲ့သော်လည်း ထွက်ဆိုခွင့်မရဘဲ ရုံးချိန်းရက်သာ ပေးလိုက်ခြင်း ဖြစ်သည်။
အစောပိုင်းကတော့ တရားဆိုင်ဘက်က တင်ပြထားသော အခြားသော သက်သေ နှစ်ဦးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒုဥက္ကဌ ဦးတင်ဦးတို့ကို ဗဟိုတရားရုံးကလည်း ပယ်ချလိုက်သည်။
အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ယက်တောက နေအိမ်ဝင်းအတွင်း ခိုးဝင်သည်ကို ဧည့်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ် ကျစဉ် စည်းကမ်း ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ငါးနှစ်ထိ ကျခံရနိုင်သည်။
source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment