စင်္ကာပူ အာမခံ ကုမ္ပဏီ တခုမှ အင်ဂျင်နီယာ နှစ်ဦး ပြေးလမ်းချော် လေယာဉ်ကို လာရောက် စစ်ဆေး
narinjara
စစ်တွေတွင် ပြေးလမ်းချော်သွားသော လေယာဉ်ကို စစ်ဆေးရန် အတွက် စင်္ကာပူ အာမခံ ကုမ္ပဏီ တခုမှ အင်ဂျင်နီယာ (၂) ဦး စစ်တွေသို့ ဇွန်လ ၉ ရက်နေ့ က ရောက်ရှိလာခဲ့သည်။
အမည်မဖေါ်လိုသူ ၀န်ထမ်း တဦးက “ သူတို့က လေယာဉ်နဲ့ နံနက်က ရောက်လာတယ်။ စစ်ဆေးတယ်။ ပီးရင် ချက်ချင်း လေယာဉ်နဲ့ ရန်ကုန်ကို ပြန်သွားပါတယ်။ ဘာမှတော့ ထွေထွေထူးထူး ပြောမသွား ပါဘူး” ဟု ပြောသည်။
မြန်မာ့ စစ်အစိုးရ အရာရှိများမှ အဆိုပါ လေယာဉ် ပြေးလမ်း ချော်မူ အပေါ် လာရောက် စစ်ဆေးပြီး နောက်တရက်တွင် စင်္ကာပူ နိုင်ငံ အာမခံ ကုမ္ပဏီတခုမှ အရာရှိ နှစ်ဦး စစ်ဆေးရန် ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။
ပြေးလမ်းချော်သွားသော စစ်တွေ လေဆိပ်မှ လေယာဉ်ကိုမြင်တွေ့ ရပုံ
အဆိုပါ လေယာဉ်အား စင်္ကာပူ အာမခံ ကုမ္ပဏီတခုမှ လာရောက် စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး အဆိုပါ လေယာဉ်အား အာမခံ ထားသလား (သို့မဟုတ်) ခရီးသည်များကို အာမခံ ထားသလား ဆိုသည်ကို သူအနေနှင့် မသဲကွဲကြောင်း အဆိုပါ ၀န်ထမ်းမှ ပြောသည်။
အဆိုပါ လမ်းချော်သွားသော လေယာဉ်မှာ XY-ADW FOKKER 28 ဖြစ်ပြီး ယခုအချိန်ထိ လမ်းချော်သွားသော နေရာတွင် တည်ရှိနေသည်ဟု သိရသည်။
ဇွန်လ ၆ ရက်နေ့ နံနက်က ရန်ကုန်မှ စစ်တွေသို့ ပျံသန်း လာသော အဆိုပါ မြန်မာ့လေကြောင်းပိုင် လေယာဉ်သည် စစ်တွေလေဆိပ်သို့ ဆင်းသက်စဉ် နံနက် ၈ နာရီ ၂၀ မိနစ်၌ ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို့ ထိုးကျ သွားခဲ့သည်။
လေယာဉ်ပေါ်တွင် လေယာဉ်မှူးများ အပါအ၀င် လူပေါင်း ၆၈ ဦးပါဝင်ပြီး လူ (၅) ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာ ရရှိသူများ အထဲတွင် တွဲဖက်လေယာဉ်မှူး ဦးစိုးရီနှင့် ခရီးသည် အမျိုးသမီးငယ် တဦးပါဝင်သည်။
သတင်း-narinjara
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment