အမေရိကန် သတင်းထောက် ၂ဦး မြောက်ကိုရီးယားက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂နှစ် စီရင်
VOA
အမေရိကန် အမျိုးသမီး သတင်းသမား ၂ ယောက် မြောက်ကိုရီးယားဘက်ကိုတရားမ၀င် ဖြတ်သန်းဝင်ရောက်ခြင်းအားဖြင့် ကြီးမားတဲ့ရာဇ၀တ်မှုများ ကျူးလွန်လို့တရားရုံးတော်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချလိုက်ကြောင်း KCNကိုရီးယား ဗဟိုသတင်းဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အမေရိကန်အမျိုးသမီိး သတင်းထောက်၂ ဦးဖြစ်သည့် လော်ရာလင်း(ယာ) နှင့် အူနာလီး။
အမေရိကန်နိုင်ငံက Current ရုပ်သံလွှင့်ဌာနက အမျိုးသမီး သတင်းသမား ၂ ယောက်ဖြစ်ကြတဲ့ အူနာ လီး (Euna Lee) နဲ့ လော်ရာလင်း (Laura Ling) တို့ရဲ့အမှုကို စတင်စစ်ဆေးကြောင်း မြောက်ကိုရီးယား သတင်း
မီဒီယာများက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်-မြောက်ကိုရီးယားနယ်စပ်မှာ မတ်လတုန်းက သတင်းမှတ်တမ်း ရိုက်ကူးနေစဉ်အဲဒီအမျိုးသမီး ၂ ယောက်ကို မြောက်ကိုရီးယားဘက်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။သူတို့ ၂ ယောက်ကို အခုလို ထောင်ဒဏ်များ စီရင်လိုက်တဲ့အတွက် အမေရိကန်နိုင်ငံကအကြီးအကျယ်စိုးရိမ်ပြီး ပြန်လွတ်လာရေး ရနိုင်တဲ့နည်းလမ်းမှန်သမျှ အကုန်သုံးပြီး ကြိုးပမ်းနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ(Ian Kelly) က တနင်္လာနေ့မှာ ပြောဆိုပါတယ်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment