6/19/2009

ပြည်တွင်းသတင်းထောက်တစ်ဦး ထောင်ဒဏ်(၂)နှစ်ချမှတ်ခံရ


မင်းနိုင်သူ /
NEJ

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးသွားခဲ့သူ News Watch ဂျာနယ်သတင်းထောက်ချုပ်ဟောင်း ကိုဇော်ထွန်းခေါ် ၀င်းဦးကို ယမန်နေ့တွင် ဗဟန်းတရားရုံးက ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ကိုဇော်ထွန်းသည် News Watch ဂျာနယ်၌ တာဝန်ထမ်းဆောင်နေစဉ် ယမန်နှစ် စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းထိပ်တွင် လုံခြုံရေးရဲများ၏ စစ်ဆေးမေးမြန်းမှုခံခဲ့ရသည်။

ထိုသို့ စစ်ဆေးမေးမြန်းရာတွင် သတင်းထောက် ကိုဇော်ထွန်းက မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ


လုံခြုံရေးရဲများက ဗဟန်းမြို့နယ်ရဲစခန်းသို့ အပ်နှံခဲ့ပြီးနောက် တရားရုံးတွင် ၀တ္တရားနှောင့်ယှက်မှုဖြင့် စွဲဆိုခဲ့သည်။

“ကိုဇော်ထွန်းကို တရားစွဲဆိုထားပြီး အာမခံပေးခဲ့ပါသေးတယ်။ အဲဒီနောက် ဒီနှစ် (၃) လပိုင်းမှာ News Watch ဂျာနယ် တိုက်ပိုင်ရှင်က သူ့ကိုပါ ပြဿနာတက်လာမှာကြောက်ပြီး ကိုဇော်ထွန်းကို အလုပ်ထုတ်လိုက်တယ်။ အခု သူက အလွတ်သတင်းထောက် လုပ်နေတယ်။ အများဆုံးရေးနေတာကတော့ ၀pen ဂျာနယ်အတွက်ရေးနေတာ။ အဲဒီဂျာနယ်က လူတွေကလည်း သူ့အမှုအတွက် တတ်နိုင်သမျှ လုပ်ပေးနေပါတယ်” ဟု ပြည်တွင်းသတင်းထောက် တဦးက ပြောသည်။




0 ယောက်ရဲ့ထင်မြင်ချက်: