အခြေအနေအပေါ် ရှုမြင်သုံးသပ်ချက်များ ထုတ်ဖော်ပြောဆို
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲပြီး ထောင်ချဖို့ ပြင်ဆင်နေတဲ့ ဒီနေ့ကာလမှာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေက ဘာတွေ လုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈၈ ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေကို RFA မှ ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။
တရားရုံးတင် အမှုစစ်ဆေးခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော အားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၊ ပြင်သစ်ဌာနခွဲမှ မေလ ၁၈ရက်နေ့တွင် ပြုလုပ်သည့် ကန့်ကွက်ဆန္ဒပြပွဲတွင် ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပါဝင် တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီတင်ပြချက်မှာ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်က ဒီကနေ့ ဖြစ်ရပ်ဟာ ပြည်သူတွေ၊ တိုင်းရင်းသားအင်အားစု တွေ၊ နိုင်ငံရေးပါတီတွေက လိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေးကို စစ်အစိုးရက ငြင်းပယ်လိုက်တာဖြစ်လို့ အားလုံး ပူးပေါင်းသင့်ပြီလို့ ဆိုပါတယ်။
ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးပူကျင့်ရှင်းထန်က လူထုရှေ့မှောက် တရားစီရင်ရေးကို ပြည်သူအားလုံးက ဝိုင်းဝန်း ထောက်ခံ တောင်းဆိုကြဖို့ ပြောပါတယ်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်က ဒီနေ့ကိစ္စဟာ တတိုင်းပြည်လုံးအရေး ဖြစ်လို့ ပြည်သူတွေအားလုံးက ဝိုင်းဝန်း ဆန္ဒထုတ်ဖော် ပြသကြဖို့ ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရဲ့ အတွင်းရေးမှူး ကိုမြင့်စိုးကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ တရားခွင်ဖြစ်ဖို့ လူထုတွေ၊ အဖွဲ့ချုပ်ဝင်တွေက နီးစပ်ရာ တရားရုံးတိုင်းကိုသွားပြီး လျှောက်ထားကြဖို့ ဆိုပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ကိုရင်ထွေးက ပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ရဲရဲရင့်ရင့် ရပ်တည်ကြဖို့နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြဖို့ တိုက်တွန်းပါတယ်။
အသံဖိုင်နားဆင်ရန်...
RFA သတင်းမှ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment