KMD မှထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ Assumption University အခွင့်အလမ်းများဆိုင်ရာ ဟောပြောပွဲ ကျင်းပခဲ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ပထမဆုံး နိုင်ငံတကာ တက္ကသိုလ် ဖြစ်သည့် Assumption University (ABAC) တက္ကသိုလ်သို့ သွားရောက် ပညာ သင်ကြားနိုင်မည့် အခွင့်အလမ်းများ ဆိုင်ရာ ရှင်းလင်း ဟောပြောပွဲကို (၇၊၃၊၂ဝဝ၉)ရက် မွန်းလွဲ (၁)နာရီမှ (၃)နာရီထိ ရန်ကုန်မြို့၊ ဆူးလေဘုရား လမ်းရှိ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် Assumption University ၏ ကိုယ်စားလှယ် ဖြစ်သူ မစ္စချိုချိုဝင်းမှ ရှင်းလင်း ပြောကြားရာတွင် (၁၉၆၉)ခုနှစ်မှ စတင် တည်ထောင်ခဲ့သော ဘန်ကောက်၏ ပထမဆုံး နိုင်ငံတကာ တက္ကသိုလ် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ကျောင်းသား နှစ်ထောင်ကျော် အနက် မြန်မာ ကျောင်းသား (၃ဝဝ)ကျော် ပညာ ဆည်းပူးလျက် ရှိကြောင်း ပြောကြား ခဲ့ပါတယ်။ ထို့ပြင် Information Technology, Business, Engineering စသော Undergraduate Degree Programme ပေါင်း(၄ဝ)ကျော်၊ Postgraduate Degree Prgramme ပေါင်း(၄ဝ)ကျော်နှင့် Doctoral Degree Programme ပေါင်း (၁၃)ခု ရှိကြောင်း၊ UK, Australia အစရှိသော နိုင်ငံများရှိ တက္ကသိုလ်များနှင့် ပူးတွဲ ဖွင့်လှစ်သော Academic Programme များလည်း ရှိကြောင်း၊ Undergraduate Programme အား တက္ကသိုလ် ပထမနှစ် အောင်မြင်ပြီးသူများနှင့် GCE O Level ၏ (၅)ဘာသာ အောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်း၊ Bachelor Programme ၏ Scholarship
အစီအစဉ် အရ Credit Point 50 ပြည့်မီပြီး GPA 3.85 ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစရိတ် ပညာသင် ဆုအဖြစ် ပေးအပ် ချီးမြှင့်လျက် ရှိကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ Master Programme များအတွက် (၂ဝဝ၇) ခုနှစ်မှ စ၍ှScholarship များ ပေးအပ် ချီးမြှင့်ခဲ့ရာ KMD မှ စေလွှတ် ကျောင်းသားများ ထဲမှ (၂ဝဝ၇) ခုနှစ်၊ လေးယောက်၊ (၂ဝဝ၈) ခုနှစ်တွင် နှစ်ယောက် Full Scholarship များလည်း ရရှိခဲ့ပြီး နှစ်စဉ် KMD မှ သွားရောက် ပညာ ဆည်းပူးသော ကျောင်းသား၊ ကျောင်းသူ (၂ဝ)မှ (၃ဝ)ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် Assumption University (Thailand) နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်း မေးမြန်း လိုသူများနှင့် ကျောင်းလျှောက် လိုသူများ အနေဖြင့် University ၏ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်သော KMD ၏ Overseas Studies Counseling Service ဖုန်း-၃၈၁၇၇၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းနှင့် အခမဲ့ ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရပါတယ်။ YMA
http://snapshot-news.com/modules.php?name=News&file=article&sid=18293

1 ယောက်ရဲ့ထင်မြင်ချက်:
စာတွေလာဖတ်သွားပါတယ်ရှင်။
23/4/09 4:21 AMPost a Comment