ကိုမင်းကိုနိုင်ကို တောင်ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ရန် ရွေးချယ်
တောင်ကိုရီးယားနိုင်ငံက မြန်မာ့ဒီမိုကရေစီရေးကို အားပေးတဲ့အနေနဲ့ သူ့နိုင်ငံက အမြင့်ဆုံး ပေးအပ်နေတဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ဒီနှစ်အတွက် ကိုမင်းကိုနိုင်ကို ပေးအပ်ဖို့ ဆုရွေးချယ်ရေး ကော်မတီက ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါပြီ။
၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂ဝဝ၇ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဂွမ်ဂျူးဆိုတာ တောင်ကိုရီးယား နိုင်ငံရဲ့ ဆဌမမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးမှာ အခရာကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ တောင်ကိုရီးယား ပြည်သူတွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ အမွေအဖြစ် ပြည်တွင်းစစ်ကို လက်ခံလိုက်ရသလို၊ အာဏာရှင်တွေ လက်အောက်မှာလည်း နေထိုင်ခဲ့ရ ပါတယ်။ ဒီအတွက် ၁၉၈ဝ မှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဘာသာရေးသမား၊ အနုပညာရှင်တွေနဲ့ ပညာတတ်တွေ၊ ဆင်းရဲသား ပြည်သူတွေ လူတန်းစားပေါင်းစုံက ဂွမ်ဂျူးမြို့မှာ စုရုံးပြီး မြန်မာနိုင်ငံက ၈ လေးလုံး အရေးတော်ပုံကြီးလို ဒီမိုကရေစီ အုံကျွမှုကြီး ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ဂွမ်ဂျူးအုံကျွမှုကို အာဏာရှင် ချန်ဒူးဝှမ်က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ လူပေါင်းများစွာ သေကျေ၊ ဒဏ်ရာရခဲ့ကြပေမဲ့ ကိုရီးယားပြည်သူတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ ရပ်တန့် မသွားခဲ့ပါဘူး။ ဂွမ်ဂျူးအုံကျွမှုမှာ ကျဆုံးသွားသူတွေကိုလည်း သူရဲကောင်းတွေအဖြစ်သတ်မှတ်ခဲ့ကြ သလို ဂွမ်ဂျူးစိတ်ဓာတ်နဲ့ ဒီမိုကရေစီရေး ဆက်လက် လှုပ်ရှားခဲ့ကြတဲ့အတွက် အာဏာရှင်ဟောင်း သမတ ချွန်ဒူးဝှမ်လည်း ၁၉၈၈ မှာ ရာထူးကနေ ဆင်းပေးလိုက်ရပါတယ်။
၁၉၉၃ ခုနှစ် မေလမှာ သမတ ကင်ယုံဆမ်က ဂွမ်ဂျူးအမှတ်တရ မိန့်ခွန်းပြောပြီးတဲ့နောက် မှာတော့ ဂွမ်ဂျူးအုံကျွမှုကို ဖြိုခွင်းခဲ့တဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်မဲ့ အထူးဥပဒေအပြင် အုံကျွမှုမှာ ထိခိုက်နစ်နာခဲ့သူတွေကို ကုစားနိုင်ရေး ဥပဒေတွေ ပြဌာန်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အာဏာရှင်ဟောင်း ချွန်ဒူးဝှမ်ကို တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီး၊ သမတဟောင်း ကင်ယုံဆမ်ရဲ့ တောင်းပန်မှုကြောင့် ချွန်ဒူးဝှမ်ကို သေဒဏ်ကနေ လျှော့ပေါ့ပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ ဂွမ်ဂျူး အမှတ်တရပွဲ နှစ်စဉ်ပြုလုပ်ခဲ့သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကိုလည်း ဂွမ်ဂျူးလူ့အခွင့်အရေးဆုရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ၂ဝဝ၉ ခုနှစ်ဆုအတွက် တော့ ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်တာပါ။
၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂ဝဝ၇ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီ ဂွမ်ဂျူးအုံကျွမှုကို အာဏာရှင် ချန်ဒူးဝှမ်က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ လူပေါင်းများစွာ သေကျေ၊ ဒဏ်ရာရခဲ့ကြပေမဲ့ ကိုရီးယားပြည်သူတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ ရပ်တန့် မသွားခဲ့ပါဘူး။ ဂွမ်ဂျူးအုံကျွမှုမှာ ကျဆုံးသွားသူတွေကိုလည်း သူရဲကောင်းတွေအဖြစ်သတ်မှတ်ခဲ့ကြ သလို ဂွမ်ဂျူးစိတ်ဓာတ်နဲ့ ဒီမိုကရေစီရေး ဆက်လက် လှုပ်ရှားခဲ့ကြတဲ့အတွက် အာဏာရှင်ဟောင်း သမတ ချွန်ဒူးဝှမ်လည်း ၁၉၈၈ မှာ ရာထူးကနေ ဆင်းပေးလိုက်ရပါတယ်။
၁၉၉၃ ခုနှစ် မေလမှာ သမတ ကင်ယုံဆမ်က ဂွမ်ဂျူးအမှတ်တရ မိန့်ခွန်းပြောပြီးတဲ့နောက် မှာတော့ ဂွမ်ဂျူးအုံကျွမှုကို ဖြိုခွင်းခဲ့တဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်မဲ့ အထူးဥပဒေအပြင် အုံကျွမှုမှာ ထိခိုက်နစ်နာခဲ့သူတွေကို ကုစားနိုင်ရေး ဥပဒေတွေ ပြဌာန်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အာဏာရှင်ဟောင်း ချွန်ဒူးဝှမ်ကို တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီး၊ သမတဟောင်း ကင်ယုံဆမ်ရဲ့ တောင်းပန်မှုကြောင့် ချွန်ဒူးဝှမ်ကို သေဒဏ်ကနေ လျှော့ပေါ့ပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ ဂွမ်ဂျူး အမှတ်တရပွဲ နှစ်စဉ်ပြုလုပ်ခဲ့သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကိုလည်း ဂွမ်ဂျူးလူ့အခွင့်အရေးဆုရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ၂ဝဝ၉ ခုနှစ်ဆုအတွက် တော့ ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်တာပါ။
ဆုပေးဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဂွမ်ဂျူးဆုရွေးချယ်ရေး အဖွဲ့က ယဉ်ကျေးမှုနဲ့ သွေးစည်း ညီညွတ်ရေးကော်မတီ ညွှန်ကြားရေးမှူး မစ္စတာ ချန်ဟိုကင်က မင်းကိုနိုင်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အထူးအရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်လို့ အခုလို ကော်မတီက ရွေးချယ်လိုက်တာ ဖြစ်ကြောင်း၊ ဒါဟာ မြန်မာ့ဒီမိုကရေစီရေးကိုလည်း ထောက်ခံအားပေးတာ ဖြစ်ကြောင်း ပြောသွားပါတယ်။ အဲဒီအပြင် ကိုမင်းကိုနိုင်ကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆို ပန်ကြားကြောင်း၊ မြန်မာပြည်သူတွေ ကိုလည်း ဒီမိုကရေစီရေး ပန်းတိုင်ရောက်အောင် ဆက်လက်ကြိုးပမ်းဖို့ အားပေးကြောင်း မစ္စတာ ချန်ဟိုကင်က ပြောသွားပါတယ်။
ကိုမင်းကိုနိုင်ကို ဆုပေးဖို့ ဆုံးဖြတ်လိုက်တာကို သတင်းတွေမှာ ကြားရတဲ့အခါမှာ ကိုရီးယားရောက် မြန်မာတွေက ဝမ်းသာကြကြောင်းကိုလည်း NLD-LA တောင်ကိုရီးယားဌာနခွဲ ပြန်ကြားရေး တာဝန်ခံ ကိုရန်နိုင်ထွန်းက ပြောပါတယ်။
ကိုရန်နိုင်ထွန်း။ ။ 'သူရတဲ့အသံကို ကြားပြီးကတည်းက ဖုန်းတွေ အပြန်ပြန်လာကြတယ်။ ကိုမင်းကိုနိုင် ဆုရသွားပြီဆို ဟုတ်လား၊ ဘာလား ကျွန်တော်တို့ကို လှမ်းမေးတဲ့အသံတွေ ကြားတယ်။ သူတို့ ဝမ်းသာတယ်ဆိုတဲ့အကြောင်း စိတ်အားတက်ကြွတယ်ဆိုတဲ့ အသံမျိုးတွေ ကျွန်တော်တို့ သိရပါတယ်ခင်ဗျ။'
အဲဒီအပြင် ဆုလက်ခံရယူမဲ့ကိစ္စနဲ့ ဆုကို ထိန်းသိမ်းထားမဲ့ အစီအစဉ်နဲ့ ပတ်သက်လို့လည်း ကိုရန်နိုင်ထွန်းက ခုလို ပြောပါတယ်။
ကိုရန်နိုင်ထွန်း။ ။ 'လောလောဆယ်မှာ ကျွန်တော်တို့ စဉ်းစားထားတာကတော့ ကိုမင်းကိုနိုင်နဲ့ ရင်းနှီးတဲ့ အပေါင်းအသင်း သော်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် သော်လည်းကောင်း သို့တည်းမဟုတ် ကိုမင်းကိုနိုင်ရဲ့ ဆွေမျိုးသားချင်းထဲက သော်လည်းကောင်း တဦးဦးကို ကျွန်တော်တို့ ရွေးချယ်ပြီးတော့ ကိုရီးယားနိုင်ငံကို ရောက်အောင် ဖိတ်ကြားပြီး ဆုလက်ခံယူဖို့ စဉ်းစားထားပါတယ်ခင်ဗျ။ ဘယ်သူရယ်လို့တော့ ခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ ကိုမင်းကိုနိုင်ရဲ့ ကာယကံရှင်ရဲ့ သဘောဆန္ဒကို ရယူမှာ ဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ သဘောဆန္ဒ မရခင် အချိန်မှာတော့ ဒီပိုက်ဆံကို ကျွန်တော်တို့က လုံခြုံစိတ်ချရတဲ့ ဘဏ်တခုမှာ ပေးပို့ပြီးတော့ အပ်နှံထားမှာ ဖြစ်ပါတယ်ခင်ဗျ။'
၂ဝဝ၉ ခုနှစ် ဂွမ်ဂျူး လူ့အခွင့်အရေးဆုရှင် ကိုမင်းကိုနိုင်ကတော့ စစ်အစိုးရရဲ့ ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံနေရပြီး၊ ကျန်းမာရေးချို့ယွင်းနေတယ်လို့ သတင်းတွေ ကြားနေရပါတယ်။ သူဟာ ဒီဆုနဲ့ဆိုရင် နော်ဝေနိုင်ငံကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုအပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဆုပေါင်း ၅ ခုရရှိပြီး ဖြစ်ပါတယ်။
RFA သတင်းမှ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment