ဇာဂနာနဲ့ ဇော်သက်ထွေးတို့ နှစ်ဦးရဲ့ နှစ်ရှည်ထောင်ဒဏ်တွေ နှစ်အနည်းငယ်စီလျော့ချ
နိုင်ငံကျော်အနုပညာရှင် ဇာဂနာနဲ့ အားကစားဂျာနယ်အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးတို့ နှစ်ဦးရဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ရန်ကုန်တိုင်းတရားရုံးက မနေ့က နှစ်အနည်းငယ်စီလျော့ချတဲ့ စီရင်ချက်အမိန့်ထုတ်ပြန်ပါတယ်။ ဇာဂနာကို ထောင်ဒဏ် ၅၉ နှစ်ကနေ ၃ဝ နှစ်ထိနဲ့ ကိုဇော်သက်ထွေးကိုတော့ ထောင်ဒဏ် ၁၉ နှစ်ကနေ ၁၁ နှစ်ထိ ပြန်ပြီးသတ်မှတ်လိုက်ပါတယ်။
သူတို့နှစ်ဦးရဲ့ အယူခံတွေကို အကျိုးဆောင် ရှေ့နေ ဦးဇော်လင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့က လိုက်ပါဆောင်ရွက် ပေးခဲ့တာဖြစ်ပြီး အီလက်ထရောနစ်ပုဒ်မနဲ့ ချထားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို လျော့ချပေးလိုက်တာဖြစ်တယ်လို့ ကိုဇော်သက်ထွေးရဲ့ ဇနီးဖြစ်သူ မခိုင်ချိုက RFA ကိုပြောပါတယ်။
'အရင် ၁၉ နှစ်ကနေ ၁၁ နှစ်၊ အီလက်ထရောနစ် အက်ကို ၁၅ နှစ်ကနေ ရ နှစ်လျှော့လိုက်တယ်။ ကျန်တဲ့ပုဒ်မ နှစ်ခုကတော့ ဒီအတိုင်းပဲ။ ၅ဝ၅ တို့ ၂၉၅ တို့နဲ့ စွဲထားတဲ့ ၂ နှစ်စီ ၂ နှစ်စီကတော့ အရင်အတိုင်းပဲ'
>အခုလို ထောင်ဒဏ် ၁၁ နှစ်လျောချလိုက်ပေမယ့် မတရားအပြစ်ဒဏ် ကျခံနေရတာ ဖြစ်တဲ့အတွက် ဗဟိုတရားရုံးချုပ်ကို ထပ်ပြီးအယူခံတင်ဖို့ရှိတယ်လို့ မခိုင်ချိုကပြောပါတယ်။
'ဒီတရားရုံးကပဲ၊ ရှေ့နေတွေက ဒီပုဒ်မတွေနဲ့ ငြှိစွန်းမှုမရှိပါဘူး၊ လွှတ်ပေးပါဆိုပြီး လျှောက်လဲတယ်။ သူတို့က အဲဒီအပေါ်ကို စဉ်းစားတယ် ဆုံးဖြတ်တယ်ဆိုပြီးတော့ ၁၅ နှစ်ကနေ ၇ နှစ်ကို လျှော့လိုက်တယ်။ ကျန်တဲ့ ပုဒ်မ နှစ်ခုက ၂နှစ် ၂ နှစ်က ဒီအတိုင်းပဲ။ အခု ၁၁ နှစ်ဆိုတော့ ကျမတို့ကတော့ ဘာပဲဖြစ်ဖြစ် မိသားစုဆိုတော့ ဒီအမိန့်ကို မကျေနပ်တဲ့ အတွက် ဗဟိုတရားရုံးကို ဆက်ပြီးလျှောက်လဲမယ်လို့ ရှေ့နေတွေနဲ့ တိုင်ပင်ထားတယ်'
နောက်ထပ်အမှုတွဲ နှစ်ဦးဖြစ်တဲ့ ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ်ကနေ ၁၅ နှစ်ထိလျော့ချလိုက်ပြီး ကိုသန့်စင်အောင်ကိုတော့ ထောင်ဒဏ် ၁၈ နှစ်ကနေ ၁ဝ နှစ်အထိလျော့ချခဲ့တယ်လို့ သိရပါတယ်။
RFR မှကူးယူပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment