ငါတို့ ….ဖခင်

ငါတို့ ….ဖခင်
တိုင်းမြန်ပြည်မှာ- ဘယ်အခါမှာမှ မပေါ်
နှစ်ပေါင်း ရာကျော် မြန်မာပြည်သား
လူ့နင်းပြားများ
လွတ်လပ်ရအောင်
ကြိုးပမ်း ကါဆောင်
ပြည်သူ ချစ်တဲ့ တို့ ခေါင်းဆောင် ။
မှောင်တွင်း ကျလု ပြည်ထောင်စုကို
လွတ်လပ်မှု ရအောင်
ရယူနိုင် သည့်
သူ့ ကျေးဇူး ကို အောင်မေ့တမ်းတ
သတိရကြ။
ပြည်ထောင်စုတွင်း သွေးချင်း ညီနောင်
ညီညွတ်ရအောင် သူစွမ်းဆောင်။
ဇွဲ လုံးလဖြင့် အရင်းတည်
နောက်ပြန် မဆုတ်
ကြောက်စိတ်ကိုပယ်
အနယ်နယ် မှာ
ရဲဝင့် စွန့်စား
သတ္တိများသည့်
အို…စစ်သည်။
အာဏာကို မလို ဂုဏ်ကို မမက်
စည်းစိမ်ကို ပယ် ဝမ်းရေးတွက် ဂရုမထား
လူသားအချင်းချင်း ကိုယ်ချင်းစာသည်
ဆင်းရဲလှသည့် အို….ဖခင် ။
ပြည်ထောင်စုဖွားတိုင်းရင်းသား တို့
ညီညွတ်ချစ်ခင် မြဲမြန်လက်တွဲ
တိုးတက်စည်ပင်
တို့မြန်ပြည်ကို
ဖွံ့ဖြိုးတိုးတက် မြင်ချင်လှသည့်
ဖခင် ..ဆန္ဒ
ပြည့်စေရအောင် ကြိုးစားကြပါ
နှစ်ပေါင်းအလီလီ ကြာသည် ရှိလည်း
ကောင်းစေချင် သည့်
ဖခင် အမှာ စကား
မမေ့ ကြလင့်
ပြည်ချစ်သားတို့..။ ။
ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ဤ ကဗျာလေးဖြင့်ဂုဏ်ပြုပါသည်။
မိုးသွေးငယ်
2 ယောက်ရဲ့ထင်မြင်ချက်:
ကဗျာလေး လာဖတ်သွားပါတယ် လွယ်ကူ စွာနားလည် နိုင်တဲ့ အဓိပါယ်ရှိတဲ့ကဗျာ တပုဒ်ပါ... ဆက်ဆက်အားပေးနေပါတယ်...။
15/2/09 5:27 AMလုံးဝမမေ့ ဘူးအစ် ကို...
15/2/09 4:24 PMPost a Comment