1/14/2009

မွန်မြတ်သောအလှူ

ကျွန်တော်မနေ့ညကဆရာတော်ဦးကောဝိဒနဲ့စကားပြောဖြစ်တယ်

ဆရာတော်ဟာစစ်ကိုင်းမှာကွန်ပြူတာသင်တန်းကိုအခမဲ့သင်ကြားပေးနေပါတယ်.အခုဒီလအတွင်းမှာပဲ.ရဟန်းသံဃာတင်မကပဲ...
ငွေကြေးမတက်နိုင်သောလူငယ်များကိုပါသင်ကြားပေးနေပါတယ်သို့ရာတွင်လျှပ်စစ်မီးပျက်တောက်မှုကြောင့်လိုရာခရီးသို့မရောက်ပါ.
ထို့ကြောင့်ဆရာတော်သည်လျှပ်စစ်မီးပျက်တောက်ချိန်တွင်မီးစက်များအစားထိုး၍သင်တန်းအားပို့ချနေပါသည်
အခုသင်တန်းများအားတိုးချဲ့နေပါသည်.။သင်တန်းသားများထပ်မံတိုးပွားလာပြီးမီးစက်ကြီးများနှင့်ကွန်ပြူတာများလိုအပ်လာပါ၍အလှုရှင်များ လိုအပ်ပါသည်။
ကျွန်တော်သည်လည်းကျွန်တော်၏မြန်မာနိုင်ငံအတွင်းရှိသူငယ်ချင်းများအားနိုးဆော်ထားပါသည်။ကျွန်တော်ကိုယ်တိုင်နိုင်ငံရပ်ခြားရောက်နေ၍

ပြည်တွင်း၌ရှိ သောသူငယ်ချင်းမိတ်ဆွေများအားနိုးဆော်တိုက်တွန်းလိုက်ပါသည်။ပြည်ပမှနေ၍လည်းတက်အားသရွှေ့လှူဒါန်းနိုင်ရန်
ဤပို့လေးကိုတင်လိုက်ခြင်းဖြစ်ပါသည်စစ်ကိုင်းမှာ အခုသင်တန်းကိုတိုးချဲ့ဖို့ဦးဇင်းကြိုးစားနေပါတယ် အဲဒီသင်တန်းအတွက် အခုလျှောက်လွှာခေါ်တာ အခု ၅၀ ဦးခန့် လာရောက်လျှောက်ထားကြပါတယ်။ စက်အင်အားနည်းပါးမှု လျှက်စစ်မီးပျက်တောက်မှုတွေကြောင့်

အခက်အခဲများရင်ဆိုင်နေရပါတယ်။

ထို့ကြောင့်မီးစက်ကြီးများ.အထူးလိုအပ်ပါသည်။

http://kovida.multiply.com/

ဆရာတော်၏၀က်ဆိုဒ်တွင်သွားရောက်လေ့လာနိုင်ငါသည်။ဦးဇင်းကောဝိဒဆီကိုဆက်သွယ်ချင်ရင်တော့.မန္တလေးသင်တန်းကတော့
၃၅ လမ်း ၆၉ လမ်းနှင့်၇၀လမ်းကြား

Pro-Teach ကွန်ပျူတာစင်တာ

02-62448

kovida9@gmail.com

စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊သာသနဝေပုလ္လကျောင်းတိုက် ၊ လပြည့်ဝန်းလမ်း၊
kovida9@gmaial.com
ဆရာတော်၏၀က်ဆိုဒ်မှကူးယူဖော်ပြလိုက်သည်။


စစ်ကိုင်းတောင်တွင် သင်တန်းများတိုးချဲ့ဖွင့်လှစ်မည်

စစ်ကိုင်းတောင်မှာ ဦးဇင်းသင်တန်းတွေကိုတိုးချဲ့ဖို့စီစဉ်နေပါတယ်။ အခုတော့ သင်တန်းကျောင်းအတွက် အုတ်တော့ခင်း ပြီးပါပြီ။ သင်တန်းမှာ လူတွေများပါတယ်။ လူတွေပါအခမဲ့သင်ဖို့စီစဉ်နေပါတယ်။ လျှောက်လွှာလာတင်
ကြတာကတော့ ၅၀ လောက်ရှိပါပြီ။ ရဟန်း၊သာမဏ၊သီလရှင်များက တော့ ၂၈ စောင်ပဲရှိပါတယ်။ လျှောက်လွှာများကို
ဆက်ပြီးလက်မခံရဲတော့ဘူး။ စက်အင်အားက ၆ လုံးပဲရှိတာ ။ သင်တန်းအတွက်မီးအားမြင့်စက် အလှူရှင်ကတော့
လျှောက်ထားပါပြီ။ မီးစက်အတွက်ပဲ စဉ်းစားနေရပါတယ် မီးမရှိရင်ဘာမှလုပ်လို့မရဘူးလေ။ သင်တန်းဖွင့်မည့်ရက်ကိုတော့ တစ်ခေါက်ပြန်ပြီးမှကြေညာပေးပါမယ်။ အဓိကကွန်ပျူတာအလှူရှင်များရှိပါကဆက်သွယ်ပေးကြစေဖို့
ဦးဇင်းရဲ့ဘလော့ကိုဝင်ရောက်ဖတ်ရှုကြတဲ့ ဒါယကာ၊ဒါယိကာမှတို့အားတိုက်တွန်းလိုက်ပါတယ်။သင်တန်းကိုတော့နာမည်တစ်ခုမည့်လိုက်ပါတယ်EVERYONE လို့။ အများအတွက်လို့အဓိပါယ်ရပါတယ်။ အားလုံးပဲနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ လူပုဂ္ဂိုလ်များကိုပါ အခမဲ့ သင်ကြားပေးပါမယ်။သင်တန်းကျောင်းကတော့ ဆောက်လုပ်တာမပြီးစီးသေးပါဘူး။ မှန်တခါးများ ခန်းဆီးလိုက်ကစများလို၊ မျက်နှာကျက်များနဲ့ အခန်းဖွဲ့ ဖို့ နဲ့ ဆေးသုတ်ဖို့ တို့ အစရှိတဲ့ လိုအပ်ချက်များလည်းရှိနေပါသေးတယ်။

စစ်ကိုင်းတောင် တွင် သင်တန်းသားများ၏ အခက်အခဲများ

စစ်ကိုင်း ကိုဦးဇင်းမနေ့ ကမနက်ပိုင်း ပြန်ရောက်ပါတယ်။ သင်တန်းသားတွေရဲ့ရင်ဖွင့်သံတွေပါ။သင်တန်းသားတွေ တော်တော်
လေးဒုက္ခရောက်နေတယ်လို့လျှောက်ကြတော့ ။ဦးဇင်းတော်တော်လေးစိတ်မကောင်းဘူးဖြစ်သွားတယ်။ မီးပျက်တက်ကိစ္စတဲ့
ဥိးဇင်းလည်းကြိုးစားနေတဲ့အကြောင်းသင်တန်းသားတွေဇွဲမလျှော့ ကြဖို့ ဥိးဇင်းအားပေးစကားပြောရတာပေါ့
ဒါပေမဲ့ ဥိးဇင်းရောက်တာ နှစ်ရက်ရှိပြီ။ မီးက ဒီနေ့ဦးဇင်းမန္တလေးသင်တန်းကိုလာတဲ့အထိကို မီးက မလာသေးဘူး။
ဦးဇင်းတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ဗျာ။ မီးစက်ကလည်းဈေးကြီးတော့ ဦးဇင်းလည်းမ တတ်နိုင် ဘူးလေ။အလှူရှင်ကလည်းမရှိသေးဘူးလေ။ မီးစက်နဲ့က ဆီအလှူရှင်များရှိလာရင်တော့စစ်ကိုင်းသင်တန်း မှာမီးအတွက် မပူရတော့ဘူးလို့ ဦးဇင်းထင်ထားပါတယ်။တို့ပဲဖြစ်ပါတယ်.
ဘလော့ညီအကိုမောင်နှမများဤစာလေးကိုမိမိဘလော့တွင်ကူးယူ
ဖော်ပြပေးဖို့တောင်းဆိုပါတယ်ခင်ဗျား၊၊

ဒေါင်းမင်းဘလောဂ်မှတဆင့် မျှဝေ ပါသည်။


ပို့တင်သူ-မိုးသွေးငယ်



0 ယောက်ရဲ့ထင်မြင်ချက်: