ကိုယ်တိုင်ပါဝင် လှူးဒါန်းနိုင်ပါသည်
ဦးဇင်း ဦးကောဝိဒ ဟာဆိုရင် အသက်အရွယ်ငယ်ငယ် နဲ့ ရဟန်းရှင်လူ များအတွက် အသိပညာ အတက်ပညာ တွေကို တက်နိုင်သ၍ အခမဲ့ သင်ကြားဖြန့်ဝေ ပေးနေပါတယ်။ယခုဆိုရင် သင်တန်းခွဲတွေများ လာသည်နှင့် အမျှအသုံးပြုသော ပစ္စည်းများ အဆောက်အဦး များအတွက် အလှူ ငွေများလိုအပ်နေပါတယ် ခင်ဗျာ။ဒါကြောင့် မသိလိုက်လို့ မလှူ လိုက်ရတာ မဖြစ်ရအောင် အသိပေးနိုးဆော်ပါတယ်။ဒီ သတင်းလေးကို သင့်ရဲ့ သူငယ်ချင်း
မိတ်ဆွေတွေကို တဆင့် ပြောပြလိုက်ပြီး အလှူခံပေးပါနော်။နောက် မိတ်ဆွေတို့မှာ ဘလောက် ရှိမယ်၊အီးမေးရှိမယ် ဆိုရင်လည်းမိတ်ဆွေတွေကို တဆင့်ပြန်လည် ဖြန့်ဝေပေးစေချင်ပါတယ် ခင်ဗျာ။ကိုတိုင်တိုင် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ကိုယ်တိုင်လည်း ဦးဇင်း ၏ လုပ်ငန်းတွေကို ဒီမှာ သွားရောက်လေ့လာကြည့်ရှု့နိုင်ပါတယ်။
ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင်တော့
၀၂-၆၂၄၄၈
ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အင်တာနက်ကနေတဆင့်ဆက်သွယ်ချင်တယ်ဆိုရင်တော့
kovida9@gmail.com ကိုဆက်သွယ်နိုင်ပါကြောင်း............
စစ်ကိုင်းတောင် ရိုးသာသနဝေပုလ္လကျောင်းတိုက်သင်တန်း အတွက်လိုအပ်ချက်များ
စစ်ကိုင်းမြို့ ၊စစ်ကိုင်းတောင်ရိုး၊ သာသနဝေပုလ္လကျောင်းတိုက်တွင်စစ်ကိုင်းတောင်ရိုးတွင်သီတင်းသုံးနေထိုင်သော၊ ရဟန်း၊ သာမဏေ ၊ သီလရှင်များနှင့် ၊ငွေကြေးချို့ တဲ့သောလူပုဂ္ဂိုလ်များအားကွန်ပျူတာနည်းပညာနှင့်ပါက်သက်၍ အခမဲ့ သင်တန်းများပို့ ချပေးလျှက်ရှိပါတယ်။ အဲဒီလိုပို့ ချပေးတဲ့နေရာမှာ နောက်ပိုင်း သံဃာအင်အား လူအင်အားများပျားလာတာနဲ့ အမျှ စက်အင်အား၊ အဆောက်အဦးတွေ လိုအပ်လာပါတယ်။ အဲဒီအတွက် ဦးဇင်းအနေနဲ့ ကတော့လိုအပ်ချက်တွေဖြည့်ဆည်းချင်ပါတယ်။ မြန်မာနိုင်ငံက ဘလောကာတွေက လည်းသူတို့ တတ်နိုင်သလိုဦးဇင်းရဲ့ သင်တန်းတွေအတွက်ကူညီကြပါတယ်။ အခုစစ်ကိုင်းတောင်မှာ သင်တန်းအသစ်တစ်ခုဖွင့်ဖို့ အတွက် ဦးဇင်းတော်တော်ကြိုးစားနေရပါတယ်
သင်တန်း အဆောက်အဦးမှာ အုတ်ခင်းဖို့ ကိစ္စကတော့ အဆင်ပြေသွားပါတယ်။ မျက်နှာကျက်လုပ်ဖို့ ကိစ္စလေးတစ်ခုတော့ရှိနေသေးပါတယ်။ မျက်နှာကျက် ကတော့ ကုန်ကျစားရိတ်တွက်ထားတာကတော့ မြန်မာငွေနဲ့ ဆိုရင် ၅၀၀၀၀ ၀န်းကျင်လောက်ကျမယ်ထင်ပါတယ်။ မျက်နှာကျက်အလှူရှင် လိုအပ်နေပါသေးတယ်။ နောက်ပြီးတော့ ကျောင်းတိုက်ကို ဆေးသုတ်ဖို့ နဲ့ အောက်မှာထပ်ပြီးကြွေပြားခင်းဖို့
ရှိပါတယ်။ အဲဒါကတော့အဆောက်အဦး အတွက် လိုအပ်ချက်များဖြစ်ပါတယ်။ ဦးဇင်းအနေနဲ့ ကတော့ ဇွဲလုံးဝမလျှော့ပါဘူး။ စစ်ကိုင်းတောင်မှာ အင်တာနက်စင်တာကြီးတစ်ခုဖြစ်အောင်ကြိုးစားမှာပါ။
လျှပ်စစ်မီးအတွက်ကတော့ မီးအားမြင့်စက်တစ်လုံး ၀ယ်ဖို့ အစီအစဉ်ရှိပါတယ်။ မီးအားမြင့်စက် တန်ဖိုးက
တော့ ၄၆၀၀၀၀ ကျပ်ဖြစ်ပါတယ်။ အဲဒါဆိုရင်တော့စစ်ကိုင်းသင်တန်းအတွက်အရင်ကထက် တော်တော်လေး
အဆင့်မြင့်သွားပါမယ်။ သုံးစွဲသူသံဃာတော်များအနေနဲ့ လည်းတော်တော်လေးအဆင်ပြေသွားနိုင်ပါတယ်။
နောက်တစ်ခုကတော့မီးပျက်တဲ့ကိစ္စပါပဲ အဲဒီကိစ္စအတွက်လည်းတော်တော်လေး ကြိုးစားရဦးမယ်။ မီးစက်က
တန်ဖိုးတော်တော်လေးကြီးတယ်။ မန္တလေးမြို့ ၈၃ လမ်းက မောင်စိန်ဝင်းမှာ ဦးဇင်းသွားစုံစမ်းတော့ ဒိုင်နမို
ကော အင်ဂျင်ကော ဘက်ထရီကော မီးစက် ထားဖို့ အတွက်ပါ စုစုပေါင်း ၁၇၀၀၀၀၀ လောက်ကုန်ကျမယ်
လို့ သိရပါတယ်။ နွေရာသီပိုင်း အတွက်ဆိုရင်တော့ အဲယားကွန်းတစ်လုံးလောက်လိုပါမယ်။
ဦးဇင်းဘလောဂ်မှ...........
ဖြန့်ဝေပေးပါရန်...
မိုးသွေးငယ်
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment