လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦးကို စစ်အစိုးရ အာဏာပိုင်များက နေရပ်ရင်း ပြန်ပို့
မလေးရှားနိုင်ငံသို့ လှေစီး၍ အလုပ်ရှာရန်သွားရောက်သူ မူဆလင် ဘာသာဝင် ၁၀၇ ဦးကို နအဖ စစ်အာဏာပိုင်များက ရန်ကုန်ကနေ ၎င်းတို့နေရပ် ဇာတိ ဘူးသီးတောင်- မောင်တောသို့ ပြန်လည် ပို့ဆောင်လိုက်သည်ဟု သတင်းရရှိသည်။မျက်မြင် တဦးက “သူတို့ကို အောင်တံခွန် သင်္ဘောနဲ့ စစ်တွေကနေ ဘူးသီးတောင်ကို တနင်္ဂနွေနေ့က ယူဆောင်လာပါတယ်။ စုစုပေါင်း ၁၀၇ ဦး ဖြစ်ပါတယ်။ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။” ဟု ပြောသည်။
ပြန်လည်ပို့ဆောင်ခြင်းခံရသူ ၁၀၇ ဦးထဲတွင် ၁၀၆ ဦးမှာ မောင်တောမြို့နယ်က ဖြစ်ပြီး ကျန်တဦ်းမှာ ဘူးသီးတောင်မြို့နယ်က ဖြစ်သည်။
သူတို့မှာ လွန်ခဲ့သောနှစ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့မှ မလေးရှားနိုင်ငံသို့ ခိုးလှေများဖြင့် အလုပ်အကိုင် ရှာဖွေရန် သွားရောက်စဉ် ဟိုင်းကြီးကျွန်း အနီးတွင် မြန်မာရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသူများ ဖြစ်ကြောင်း သိရသည်။
သူတို့အား ဖမ်းဆီးပြီးနောက် တရားစွဲဆို အပြစ်ပေးပြီး ၎င်းနောက်ပိုင်းတွင် နေရပ်ဒေသသို့ ပြန်ပို့လိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ကြသော မူဆလင်ဘာသာဝင်များမှာ အလုပ်အကိုင် ရှားပါးပြီး စီးပွားရေး ကျပ်တည်းသည့် အပြင် နစက အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် နေရပ်ဒေသကို စွန့်ခွာပြီး မလေးရှားသို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ တဆင့် ခိုးလှေများဖြင့် ထွက်ခွာသွားလာနေကြသည်ဟု သိရသည်။
နိရဉ္စရာ မှကူးယူဖော်ပြပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment