၂၁ ရာစု…အရှူး

ငါဖြစ်ချင်တာ…
ငါလုပ်ချင်တာ…
အကုန်ဖြစ်တယ်…။
ငါပြောမယ်…
နားထောင်…
ဘယ်သူတွေ..
ဘာတောင်းတောင်း
ငါပေးချင်မှပေးမယ်…။
မကျေနပ်ရင်
ကြိုက်တဲ့ နေရာတိုင်
ဂရူမဆိုက်ပေါင်..အဲဒီလိုကောင်။

ငါ နဘေးမှာ ငါ့မိဘုရား..
ဘာလုပ်ချင်သတုန်း
ဖြစ်ချင်တာပြော..
လိုချင်တာအကုန်ရ..
မယ်တော်ကြီးသဘောကြ။
ဘာလုပ်ချင်သတုန်း
ဖြစ်ချင်တာပြော..
လိုချင်တာအကုန်ရ..
မယ်တော်ကြီးသဘောကြ။

ဒါက…
ငါသားသမီးတွေ..
သူတိုဘာလုပ်လုပ်…
ဘယ်သူမှ မပြောရ…
ဘယ်သူမှ မတားရ..။
ရံရွေတော် ဖော်တသင်းနှင့်
ပျော်ချင်တိုင်ပျော်..
စားချင်တာစား
လိုချင်တာယူ
လိုအပ်ချက် မရှိစေရ
အမိန့်တော်ဟ…။
ဓါတ်ပုံ..Internet ->
အလို..ဟိုရှေ့ကငမိုက်သား
ဘာအကြောင်းကြောင့်
ဒူးထောက်ခစား
ငါ ဘုရင့်နေပြည်တော်
ဝင်လာရဲ သလော့။
အရှင်မင်းကြီး..
ကျွန်တော်မျိုးတို့မှာ..
စားစရာ ဆန်မရှိ၊
နေစရာ ဗလာနတ္ထိ..
ရွာသူကြီးက အခွန်တော်တောင်း၏။
တယ်..ငမိုက်သား..
ယခုချက်ချင်း
ငါရှေ့ကဆွဲခေါ်ထုတ်
ကျက်သရေ ယုတ်ကောင်
မသေမချင်း..ထောင်သွင်းအကျင်းချ
နှောင်ကျင်အောင်ဆုံးမကြ..
ငါ့ စည်းစိမ် ပျက်တယ်ကွ။ ။
4 ယောက်ရဲ့ထင်မြင်ချက်:
ရူးနည်းလေး ကတစ်မျိုးပါလား...
19/12/08 7:31 AM၂၁ ရာစု အရူးတဲ့လား.. ဟိဟိ
ဟီ... ကောင်းသဗျာ ကဗျာလေး
19/12/08 8:37 AMစစ်အာဏာရှင်နဲ့ သူ့ရဲ့ မိသားစု ပုံရိပ်ကို ပီပြင်စွာ တင်ပြထားသည့် ရသမြောက် ကဗျာလေးပါ။
19/12/08 8:10 PMဓါတ်ပုံများနဲ့ ဟန်ချက်ညီညီ တင်ပြပေးသည့် အတွက်ပို၍ ရသမြောက်စေပါတယ်။
လေးစားပါတယ် ငွန်ငယ် ......။
သွေးထွက်အောင်မှန်တဲ့အကြောင်းအရာတွေကိုစပ်ဖွဲ့
23/12/08 12:24 PMထားတဲ့ကဗျာလေးပါလားညီမရေ..
Post a Comment