10/27/2008

မီးအိမ်ရှင် မြန်မာလူငယ်များပရဟိတအဖွဲ့ ကထိန်သင်္ကန်ကပ်လှူပူဇော်ပွဲ

အလှူမှာ ပင့်ထားသည့် ဘုရား ဆင်းတုတော်....ဘုရားအရင် ရှိခိုးပေါ့...
ခေါင်းစီး စာတန်း....ကို.. အမှတ် မထင် ကြည့်
ဘုန်းဘုန်း တို့ ပရိတ်ရွတ် ဖတ်စဉ်... တရား နာရင်..ဖုန်းပိတ်ထား

ဆွမ်း ပွဲအတွက်..တစ်ရောက်က ..ယပ်ခပ်နေပေါ့
အချိုပွဲ အတွက် ....ဘုန်းဘုန်း..တို့ ဘုန်းပေးမှ..မုန့်တွေကို ဖောက်
ကဲစားလို့ရပြီ ..ပလာတာ နှင့် ကြက်သားဟင်း ...အီသွားရင်...လိမ္မော်ရေ လေးသောက် ပေါ့ နော့

မီးအိမ်ရှင် အဖွဲ့ မှ တချို့....တဝက်လောက်ရှိမယ်ထင်တယ်...


မီးအိမ်ရှင်..မြန်မာလူငယ်များ ပရဟိတ အဖွဲ့ (ပီနန်) မှ ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ ကို ၂၆.၁၀.၂၀၀၈ ရက် တနင်္ဂနွေ နေ့တွင် အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါသည်။

ပင့်သံဃာ အရှင်သူမြတ် သုံးပါးကြွရောက်၍ ကထိန် သင်္ကန်အလှူခံကါ ၊ပရိတ်တရားတော် နှင့် ကထိန်အနုမောဒနတရားတော်များ ချီးမြင့်ပါသည်။
သံဃာတော်အရှင်သူမြတ်များကို ဆွမ်း နှင့် အချိုပွဲများကပ်လှူခဲ့ပါသည်။

ထိုနောက် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား ကြက်သားပလာတာဖြင့်ဧည်ခံကြွေးမွေး ခဲ့ပါသည်။ဧည့်ပရိတ်သတ်ပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့ကြပါသည်။
မီးအိမ်ရှင်..အဖွဲ့၏ တတိယအကြိမ်မြောက် အလှူဖြစ်ပါသည်။

အားလုံးသော....မိတ်ဆွေသူငယ်ချင်းများ...နတ်လှူသာဓု ခေါ်စေသော်...

3 ယောက်ရဲ့ထင်မြင်ချက်:

Dream said...

သာဓု..သာဓု..သာဓု...

အခုလို လှူတန်းကျွေးမွေးရတဲ့ ကုသိုလ်ကြောင့်တီတီငွန်လည်း
အပျိုကြီးဘ၀မှ လွတ်မြောက်ပါစေလို့ဆိုတောင်းပေးလိုက်မယ်... ဟီးဟီး..
ဘာမှလည်းမဆိုင်ဘူးနော်.. ဟတ်ဟတ်.. :P :P :P

အင်မတန်မွန်မြတ်တဲ့ ကုသိုလ်လေးပါ.. ..သာဓုခေါ်ရင်းနဲ့
ပလာတာ အများကြိးကိုစားသွးတယ်။။

ခင်တဲ့
မက်မက်

28/10/08 10:07 AM
ခေါင်ခေါင် said...

သာဓု သာဓု သာဓု.....

ချစ်ငွန်တစ်ယောက်တော့ ကုသိုလ်တွေ အများကြီးရသွား လို့ပျော်နေလိုက်ပြီ
တော်တော် ရောပင်ပန်းသွားလား အလှုမှာ..
ပလာတာ တွေ အ၀စားသွားတယ်..
ဘုန်းဘုန်းတို့ကျန်တဲ့ အချိုပွဲလဲ စားတယ်..
လိမ္မော်ရည်လဲ သောက်သွားတယ်နော်...

ပျော်ရွှင်ပါစေ.. ချစ်ငွန်ရေ...
နောက်ထပ်အလှုလုပ်ရင်လဲ ခေါ်ဦီးနော်..

28/10/08 8:05 PM
Anonymous said...

သာဓု၃ ပါဗျာနောင်လဲ ဒိထက်မကလှုနိုင်တန်းနိုင်ပါစဗျာ
ဇောတိက၊စတိလ၊ကံကူည၊ဦးတေဇတို့လို ပေး၍မကုန်
လှုလို့မခန်း ပဒုမ္မာရွှေကြာပန်း(ရွှေအစစ်ဟုတ်တယ်လေ အစစ်မှ ဘယ်တော့မှ မညိုးမှာ)ကဲ့သို့လန်းဆန်းကြပါစေဗျာ

29/10/08 1:10 AM