10/21/2008

“ချစ်ရနံ့လေး မပျောက် ပြယ်စေချင်”

ညီလင်းငယ်

ဟိုး.... လွန်ခဲ့တဲ့ ရက်အတော်ကြာကပေါ့ ။ ကျွန်တော့ချစ်သူ ကောင်မလေးကို အီးမေးနဲ့ ချက်ဖြစ်ခဲ့တယ်။ နိုင်ငံခြားကိုရောက်ပြီး ပထမ တစ်လထဲ မှာပေါ့ဗျာ။
ကျွန်တော်ကတော့ စိတ်ထဲ မှာ ရှိနေသမျှ အကုန် တစ်လုံးမကျန် ပြောပြစ်လိုက် တာ...

“အရမ်းသတိယတယ် ညို ရယ်။လွမ်းတယ်ကွာ..တခါမှမခွဲ ဘူးတော့ တအား ခံစားနေရတယ် .. ညို ရော ညီ လိုပဲလား”

ကျွန်တော်ကောင်မလေး ကလည်း အားကျ မခံ ပြန်ပြောတယ်လေ...

“သတိယတာပေါ ညီ ရယ်..ညို ကပိုတောင်ပိုသေးပါတယ်..အော် မေ့တော့ မလို့ ညီ ရေ.. ညီကို ညို တောင်းပန်စရာရှိသေးတယ်.. ညီ စိတ်မဆိုး ရဘူးနော်..နောက်ပြီ
ညို ကိုလည်း အပြစ်မတင်ပါနဲ့နော်...”


ကျွန်တော့ စိတ်ထဲ မှာ တစ်မျိုးကြီး ဖြစ်သွားရတယ်..ဆိုးရိမ် စိတ်တွေ များတာလည်း ပါမှာပေါ့လေ။ ရှားရှား ပါးပါး ဒီချစ်သူလေး တစ်ယောက် ရှိပါတယ် ဘာတွေဖြစ်ပြန်ပြီလည်း..
သိချင်စိတ်က များနေပြီ ပေါ့။အမြန်ပြန် ပြောလိုက် မိတယ်..

“အင်းပါကွာ ပြောမှာသာ ပြောပါကွာ အပြစ်လည်း မတင်ဘူး ၊ စိတ်လည်း မဆိုးဘူး
ဟုတ်ပြီလား..”

သူ ကကျွန်တော့ ကိုပြောပြတယ်...။

“ညီ.. ရေ...ညို လေ..xxxxxx.....xxxxxxxx....xxxxx”

အပိုင်း (၁)

my love
ကျွန်တော် နေတာကတော့ မြို့ မကျ တောမကျ မြို့ရွာလေးမှာပါ။ ရွာလို့ ထားပါတော့ဗျာ။ ရွာမှာရှိတဲ့ လူငယ် လူရွယ်တွေ နိုင်ငံခြား နိုင်ငံခြား ဆိုပြီ ထွက်သွားလိုက်ကြတာ မနည်းတော့ ပါဘူး ။တစ်ရွာလုံးမှာ သက်ကြီးရွယ်အိုတွေ နဲ့ မိန်ကလေး အများစုက လွဲလိုလူငယ်တွေ ဆိုတာ မရှိသလောက် ရှားသွားပြီ ။ သူ များ တွေ ကိုယ့်မျက်စိ ရှေ့မှာ လှုပ်လှုပ် ရွရွ နဲ့ နေ့တိုင်းမြင်နေရပါများတော့ ကိုယ်ပါ နိုင်ငံခြား ရောဂါ ထလာတယ်။မနက်ခင်း လ္ဘက်ရည်ဆိုင် ထိုင်တိုင်း ကျွန်တော့ သူငယ်ချင်းနှစ်ယောက် ကနိုင်ငံခြားနဲ့ ပတ်သတ်တဲ့ အချက်တွေလေ့လာပြီး နေတိုင်းပြောပြနေတော့ စိတ်ကပိုပါလာတယ်။သူတို နှစ်ယောက်က ပတ်စ်ပို့ တောင်ရ နေပြီဆိုတော့ မစားရ၀ခမန်းတွေပြောလို့ စိတ်ကူးနဲ့ရူးနေကြတယ်လေ။ ကျွန်တော့ မှာတော့ ဘာကိုမှ မမျှော်လင့်ရဲသေးတာ။

နိုင်ငံခြား ထွက်ဖို့ ကျွန်တော့မှာ အခက်အခဲ နှစ်ခုကရှိနေပြန်တော့ သွားဖြစ်မယ် မသွားဖြစ်
ဘူးဆိုတာ မှန်းဆပြောလို့ မရသေးတော့ ချောင်ကပ်ပြီ ကြံကြိတ် နေရ အဲ.. ကြိတ်ကြံနေရတာ
ပေါ့ဗျာ....။

ကျွန်တော်က မွေးချင်းသုံး ယောက်မှာ အကြီးဆုံ့းသား အဖေ့ လုပ်ငန်းတွေ ကိုတက်နိုင်
သမျှ ကူညီလုပ်ကိုင်ပေး နေရသူ။နောက်ပြီး အမေရဲ့ အချစ်ဆုံးသား ။ခုလိုတနယ်တစ်ကျေး
မှာ ခွဲနေရ ပြီး အလုပ် လုပ်ဖို့ဆိုရင် ဘယ်လို နည်းနဲ့ မှ အမေက သဘောတူ မှာမဟုတ်ဘူး။
အမေ ပြောနေကြ စကား တစ်ခု ရှိတယ်

“ ငါသား ရယ် ခုဒီတိုင်းလည်း အမေတို့ အဆင်ပြေနေသား ပဲ သားအဖေလုပ်ငန်းတွေ ကိုသာ
ကူညီလုပ်ရင်ရ နေတာ ပဲ ငါသား အဝေးကြီးမှာ အလုပ်သွားလုပ်ဖို့ မလိုသေးပါဘူးကွာ။”

ကဲ အဲဒီလို ရှိနေပြန်ရော။ထားတော့ အမေ ကို ပူစာ ၊မသွားရရင်မဖြစ်သလို အတင်းပြောရရင်
တောင် ဟော နောက်တစ်ယောက်က ရှိနေ သေးတယ်။
m love

သူကတော့ ကျွန်တော့ရဲ့ ချစ်ရဆုံး ချစ်သူလေး ညို ။ ဟို ငယ်ငယ် ကလေးဘဝ နှပ်ချေးတွဲလောင်း အရွယ်ကတည်းက ကစားဖော် ကစားဖက် ၊စားဖော် စားဖက်။ (ကျွန်တော်က နှပ်မထွက်ပါဘူး သူကသာ တစ်အားညစ်ပတ် တာ အဟိ ...sorry ညို )။ဟော အခုလို အရွယ်ရောက်လာတော့ သူငယ်ချင်း၊ နောက်တော့
ချစ်သူ တွေဖြစ်ကြရော။ဗီဒီယို ဇာတ်လမ်း အတိုင်းပဲ။ ဒါပေမယ့်ဒါကတကယ် ဖြစ်ခဲ့တာ။
ငယ်စဉ် ကတည်းကထားခဲတဲ့ သံရောဇဉ် ဆိုတော့ ကြာလေ ကြာလေပိုခိုင်မာလေ ပါပဲ။
ညို ကတော့ ..သူအိမ်မှာ အလတ်မလေးပေါ့။သူထက်မှာ အကိုတစ်ယောက် အောက်မှာက ညီမတစ်ယောက်ရှိနေတယ်လေ။အလတ် မလေးဆိုတော့ ဘယ်သူကမှ အရေးတယူနဲ့ ချစ်ခင်
ကြင်နာသူ မရှိသလိုဖြစ်နေတာပေါ့။အလတ်မလေးဆိုတော့ ကြားထဲမှာ လတ်နေတာ။ တစ်ခါ တစ်လေ ကျွန်တော်တို့ အိမ်သူလာလည်တဲ့ အခါတွေမှာ ကျွန်တော်တို့ မိသားစုကိုကြည့်ပြီး

“ညီတို့အိမ်မှာ..ညီ..ကအကြီးဆုံးဆိုတော့ .. ညီ ဖေ နဲ့ မေ က အရမ်းချစ်ကြမှာပဲနော်..”
လို ရီဝေဝေ လေးနဲ့ ကျွန်တော်ကို မေးတတ်ပါတယ်။

ကျွန်တော်ကလည်း

“ ဟုတ်တယ်လေ.. ညို ..ရဲ့ မေမေ က ညီ ကို အချစ်ဆုံး။ဖေကတော့ သူ့သမီးအငယ်ဆုံးကို အချစ်ဆုံးပေါ့..”

အဲဒီလို ဖြေလိုက်ရင် ညို မျက်နာလေးဟာပြိုတော့မယ်မိုး လို မှိုင်းညှို့သွားတက်ပါတယ်။ကျွန်တော်ကပဲ ချစ်သူ ညို ကို နှစ်သိမ့်ပေးရ ပါတယ်။

“ ညို..ရယ်ဘယ်မိဘမဆို.. ကိုယ့်သားသမီး ကို ချစ်ကြစမြဲပါ ကွာ။ဘယ်သား ဘယ်သမီး ကို ပိုချစ်တယ် လျှော့ ချစ်တယ်ဆိုတာ မရှိပါဘူးကွာ။”

“ ဘာ မှ အားမငယ်ပါနဲ့ ညို..ရယ်..ညို မှာ..ရိုးမြေကျရာသက်ပန် အရမ်းချစ်တဲ့ ..ညီ ရှိနေပါသေးတယ်နော်..”

လိုနှစ်သိပ့်လိုက်ရင် ကျေကျေနပ်နပ် နဲ့ ပြုံးလိုက်တဲ့ ညို့ အပြုံးဟာကျွန်တော့် မျက်ဝန်းထဲ မှာစွဲ ထင်ပြီး ရင်ရဲ့ နှစ်လုံးသားကို ကြည်နုး ချမ်းမြေ့စေပါတယ်။


အော် မေ့နေလို့ ညို့ ..ပုံစံ လေး က ဖြူဖြူ သွယ်သွယ်လေးလေ။သူရယ်လိုက်လို့ သွားစွယ်လေးများ ပေါ်လာရင်း အရမ်းချစ်စရာ ကောင်းတယ်ဗျာ။အနေ အထိုင်အေးဆေး ပြီး
စကား ကလည်းနည်းတယ်လေ။ သူအိမ်မှာဆိုလည်း အိမ်မှုကိစ္စတွေ ကို သူ့ အမေ လှည့်ကြည်စရာ မလိုလောက်အောင် သေသေသပ်သပ် လုပ်ကိုင်တက်တယ်။ စိတ်ရှည် သိခံတက်ပြီး စိတ် ထားဖြူစင် တဲ့ ရိုးရိုးအအလေးပေါ့။အသက်ငယ် ပေမယ့်လည်း ဘာသာ တရား ကိုင်းရှိုင်း ကာ လူကြီးမိဘတွေကိုလည်းရိုသေလေးစားပြန်ပါတယ်။ အဲတာလေးတွေကို ပဲ ကျွန်တော် ကသိပ်ချစ်နေရတာပါ။

ဆက်ရန်....

5 ယောက်ရဲ့ထင်မြင်ချက်:

ဗီလိန် said...

ဟာဗျာ။ ကောင်းခန်းရောက်တော့မှပဲ။
ဆက်ပါတော့ မြန်မြန်။

21/10/08 2:48 PM
Dream said...

လုပ်ပြိ .. တီတီငွန် တို့ကတော့ မြ၀တိက ပြတဲ့ကိုရီးယားကားကျနေတာပဲ..
ဟွန်း.. ဖတ်ရတာ အရှိန်ရပြီဆိုရင် .. ဆက်ရန်ဖြစ်နေတယ်.. တော်တော်ဆိုး..

ဒါနဲ့ ညိုကညီကို ဘာပြောလိုက်တာလဲဟင်.. အဲဒီနေရာသိပ်နားမလည်ဘူး..
ဟိဟိဟ.. :P :P

xxxxxx.....xxxxxxxx....xxxxx” အဲဒီစကားက ဘာသာပြန်ရတာ နဲနဲ ခက်တယ်...
နားလည်ဘူး.. ဟိဟိ.. :P :P :P :P

သို့/ တီတီငွန်...
မြန်ခါမနှေး ဆက်ရန်ကို တင်စေသတည်း... မျှော်နေမည်...
ပုံ/တူမတော်... မက်မက်

21/10/08 6:18 PM
ငွန်ငယ် said...

ကိုဗီလိန် ရော တူမတော် မက်မက် ရော ကျေးဇူးပါနော့ အားပေးတဲ့အတွက်ပေါ့။ တူမတော်လေးရဲ့ အဲဒီနေရာ ပြောလိုက်ရင် သွားကရောပေါ့ ။နောက်ထပ် ဘယ်သူမှလာဖတ်မှာ မဟုတ်တော့ဘူး။အဟီး..ဒါက ..မိန်းလေ...;D

21/10/08 8:20 PM
Anonymous said...

မြန်မြန်ဆက်ရေးပါတော့

ဘယ်လို ဆက်ဖြစ်သွားလဲသိချင်တယ်

အားပေးလျက်

22/10/08 12:10 AM
Anonymous said...

မြန်မြန်တင်ပါဗျို့ ဒုတိယပိုင်းကို
တင်ပြီးလဲ သံချောင်းလာခေါက်ပါဗျို့

23/10/08 4:16 AM